DVB Logo
Home
မြန်မာသတင်း
သတင်းထောက်များကို အရေးယူမှု ၂၀၀၈ ဖွဲ့စည်းပုံနှင့် မီဒီယာဥပဒေကို မျက်ကွယ်ပြုဟု ဆို
DVB
·
September 5, 2018
သတင်းထောက်များကို အရေးယူမှု ၂၀၀၈ ဖွဲ့စည်းပုံနှင့် မီဒီယာဥပဒေကို မျက်ကွယ်ပြုဟု ဆို
Donate to DVB

ဗြိတိသျှကိုလိုနီခေတ်ဥပဒေကိုသုံးပြီး သတင်းထောက်တွေကို အရေးယူစီရင်တာဟာ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကိုရော၊ သတင်းမီဒီယာဥပဒေကိုပါ မျက်ကွယ်ပြုလိုက်တာလို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဒီလိုလုပ်တာကြောင့် ဒီမိုကရေစီနိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်သလို၊ သတင်းသမားတွေ လွတ်လပ်စွာ သတင်းရယူဖော်ထုတ် ရေးသားတာကို ထိခိုက်စေသလို ပြည်သူတွေဆီ သတင်းစီးဆင်းတာကိုလည်း ထိခိုက်စေတယ်လို့ ဆိုပါတယ်။

သတင်းမီဒီယာဥပဒေအရ သတင်းသမားတွေဟာ သတင်းအချက်အလက်တွေကို လွတ်လွတ်လပ်လပ်တောင်းယူခွင့်၊ ဖော်ထုတ်ရေးသားပိုင်ခွင့် ရှိသလို သတင်းသမားတွေရဲ့ ဖော်ထုတ်ခွင့်နဲ့ လွတ်လပ်ခွင့်တွေ အပြည့်အဝ ရစေဖို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဆောင်ရွက်ရမယ်လို့ ဖော်ပြထားပါတယ်။

ရိုက်တာသတင်းထောက်တွေကို ဖမ်းဆီးထားချိန်မှာ သတင်းမီဒီယာဥပဒေအရရော၊ ကျွမ်းကျင်သူ အသိသက်သေအဖြစ် ဆောင်ရွက်လိုကြောင်း၊ တရားမျှတတဲ့ ဆုံးဖြတ်ချက် ဖြစ်စေဖို့ ဥပဒေရေးရာ အထောက်အကူလိုအပ်ရင် သတင်းမီဒီယာကောင်စီကို ဆောင်ရွက်ခွင့် ပေးဖို့ သဘောထားထုတ်ပြန်ခဲ့ပါသေးတယ်။

၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေမှာလည်း မိမိယုံကြည်ချက် ထင်မြင်ယူဆချက်တွေက လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားထုတ်ဝေခွင့် ပြုထားတယ်လို့လည်း မီဒီကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီအဖြစ်တွေကြောင့် ရိုက်တာသတင်းထောက် ၂ ယောက်ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ်စီချမှတ်လိုက်တဲ့အပေါ် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက များစွာဝမ်းနည်းတယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013