DVB Logo
Home
မြန်မာသတင်း
လွှတ်တော်လုံခြုံရေး တင်းကျပ်
DVB
·
August 6, 2012
လွှတ်တော်လုံခြုံရေး တင်းကျပ်
Donate to DVB

ဒီကနေ့ ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးတွေမှာ လုံခြုံရေး ပိုမို တင်းကျပ်တယ်လို့ ကြားသိရပါတယ်။

ဩဂုတ်လ ၆ ရက်နေ့ ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးတွေမှာ အရပ်ဝတ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပိုမို တိုးချထားတယ်လို့ နေပြည်တော်လွှတ်တော် အတွင်းမှာ သတင်းယူနေတဲ့ ဒီဗွီဘီ သတင်းထောက်က ပြောပါတယ်။

“ပထမဆုံး ဂိတ်ကနေ၀င်လိုက်ရင် အဲ့ဂိတ်ကနေ X-Ray စက်ကို ဖြတ်ရတယ်။ နောက် ဗုံးရှိ မရှိစမ်းတဲ့ စက်တခုရှိတယ်။ ပစ္စည်းပစ္စယတွေက X-Ray စက်ကနေ ဖြတ်ရတယ်။ လူတွေကတော့ စူပါးမားကတ်တွေမှာသုံးတဲ့ ၀င်ပေါက်လေးထောင့်ကနေ ဖြတ်ရတယ်။ အဲမှာ တခါပေါ့။ နောက် လွှတ်တော်အ၀င်ပေါ့ လှေကားထစ်တွေကတက်လာရင် ပထမဆုံးဝင်တဲ့အပေါက်မှာ စစ်တဲ့ X-Ray စက်တလုံး ထပ်တိုးထားတယ်။”

ဒီနေ့မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကို လက်ပ်တော့ စတဲ့ ပစ္စည်းတွေကို လွှတ်တော်ခန်းမထဲကို ယူဆောင်ဖို့ ခွင့်မပြုတော့ဘူးလို့  ဆိုပါတယ်။ အခုလို လုံခြုံရေးတိုးချထားတာက မြန်မာနိုင်ငံအနောက်ဘက် ရခိုင် ပဋိပက္ခနဲ့ ပတ်သက်နေပြီး ရိုဟင်ဂျာတွေ တိုက်ခိုက်မှာကို စိုးရိမ်တဲ့အတွက် ဖြစ်နိုင်တယ်လို့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ကောက်ချက်ချပါတယ်။

“အခု ပေါ်ပေါက်နေတဲ့ကာလမှာ လုံခြုံရေးယူတာ မဆန်းပါဘူး။ ရခိုင်ပြည်နယ် အရေးတွေနဲ့ ပတ်သက်ပြီး လုံခြုံရေးယူရတော့မှာပေါ့။”

ပြည်သူ့လွှတ်တော် အဆောက်အဦမှာလည်း အရပ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုးချထားပြီး လွှတ်တော်ကိုယ်စားလှယ်တွေကို အနှောင့်အယှက် မဖြစ်စေဘူးလို့ ဦးသိန်းညွန့်က ပြောပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြီးခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးကတည်းက လုံခြုံရေးတင်းကျပ်တော့မယ့် အကြောင်းကို ကြိုတင် အသိပေးထားပြီး ကိုယ်စားလှယ်တွေက သည်းခံဖို့ကို တောင်းပန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013