DVB Logo
Home
မြန်မာသတင်း
ကြည့်ရှုသူ ၂ သန်းနီးပါးရှိနေသည့် မြန်မာအက်ရှင်ကား-Special 9(ရုပ်ရှင်နမူနာ)
DVB
·
September 5, 2018
ကြည့်ရှုသူ ၂ သန်းနီးပါးရှိနေသည့် မြန်မာအက်ရှင်ကား-Special 9(ရုပ်ရှင်နမူနာ)
Donate to DVB

    လာမယ့် စက်တင်ဘာလ ၇ ရက်နေ့မှာ ရုံတင်ပြသတော့မယ့် မြန်မာအက်ရှင်ကား တကားဖြစ်တဲ့ Special 9 ရုပ်ရှင် Trailer ဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းနီးပါးရှိနေခဲ့ပါတယ်။

    ဒီကားကိုတော့ ရွှေမြန်မာရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး အဆိုတော် ယုန်လေး က သူကိုယ်တိုင်ဖန်တီးထားတဲ့ ဇာတ်လမ်းကို ဒါရိုက်တာအဖြစ် ကိုယ်တိုင်ရိုက်ကူးပုံ ဖော်ထားတာပါ။

    ရှမ်းပြည်နယ်နဲ့ တရုတ်နိုင်ငံဘက်ခြမ်းမှာ ခက်ခက်ခဲခဲ ရိုက်ကူးခဲ့ရတဲ့ ဒီရုပ်ရှင် ကားထဲမှာတော့ နာမည်ကြီးသရုပ်ဆောင်မင်းသား မြင့်မြတ်နဲ့အတူ အဆိုတော်တွေလည်း အများကြီး ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

    ဂီတကိုရူးသွပ်တဲ့ လူငယ် ၆ ယောက်ဟာ ကြီးပြင်းလာချိန်မှာ အောင်မြင်တဲ့ အဆို တော်တွေ ဖြစ်လာခဲ့ကြတယ်။ တနေ့မှာ သူတို့ဟာ မူဆယ်ကို ဖျော်ဖြေရေးသွားခဲ့ကြပြီး နောက် တဖက်ခြမ်း တရုတ်ပြည်ထဲကို သွားလည်ပတ်ခဲ့ကြတယ်။ အဲဒီမှာတော့ ဒုစရိုက် မှုတွေနဲ့အတူ လက်နက်ကိုင်ဂိုဏ်းတွေ ကြီးစိုးနေတယ်။ ဒီအချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲ။

    ကြမ်းကြမ်းရမ်းရမ်း တိုက်ခိုက်မှုတွေ၊ ဇာတ်ဝင်ခန်းတွေနဲ့ ရှုစားကြရမယ့် ဒီကားထဲမှာ မြင့်မြတ်ကို အထူးရဲအရာရှိတယောက်အဖြစ် မြင်တွေ့ရမှာဖြစ်ပြီး အဆိုတော်ထူး အယ်လင်းကိုတော့ ဂိုဏ်းစတားတဦးအဖြစ် ရှုစားကြရမှာ ဖြစ်ပါတယ်။

    ဒီကားထဲမှာ တခြားသရုပ်ဆောင်တွေအနေနဲ့ ယုန်လေး၊ နိုင်းဝမ်း၊ သားသား၊ ထက်ယံ၊ စိုးနန္ဒာကျော်၊ ဆူဇီတို့နဲ့အတူ သရုပ်ဆောင်တွေအများကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။

    Special 9 ရုပ်ရှင်ကားအထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်နေ့ က ကျင်းပခဲ့တာဖြစ်ပြီး ရုပ်ရှင် Trailer ဟာလည်း Facebook အင်တာနက်လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ နာမည်ကြီးနေခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013