DVB Logo
Home
မြန်မာသတင်း
ပဲခူးတိုင်း မြို့နယ် ၃ မြို့နယ်တွင် ဧက ၁၆၀၀၀ ကျော် ရွှေတူးခွင့်ပေးမည်
DVB
·
September 5, 2018
ပဲခူးတိုင်း မြို့နယ် ၃ မြို့နယ်တွင် ဧက ၁၆၀၀၀ ကျော် ရွှေတူးခွင့်ပေးမည်
Donate to DVB

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၃ မြို့နယ်မှာ ဧက ၁၆၀၀၀ ကျော် ရွှေသတ္တု တူးဖော်ခွင့်ပေးသွားမယ်လို့ သယံဇာတသစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးက ပြောပါတယ်။

ရွှေကျင်မြို့နယ်မှာ ဧက ၁၀၅၀၀၊ ကျောက်ကြီးမြို့နယ်မှာ ဧက ၄၄၀၀ နဲ့ ထန်းတပင်မြို့နယ်တို့မှာ ဧက ၂၀၆၆ တို့ကို တူဖော်ခွင့်ပေးသွားမှာဖြစ်ပါတယ်။

ရွှေတူးဖော်ခွင့်ပေးတဲ့နေရာမှာ အဆင့် ၄ ဆင့်နဲ့ ခွင့်ပြုပေးသွားမှာဖြစ်ပြီး လက်လုပ်လက်စား အသေးစားနဲ့ အလတ်စား အကြီးစား ဆိုပြီးသတ်မှတ်ထားပါတယ်။

၁ ဧကအောက်ကို ဒေသခံပြည်သူတွေ အဆင်ပြေစွာ လုပ်ကိုင်နိုင်အောင် လက်လုပ်လက်စားလို့ သတ်မှတ်ထားပြီး ၄ ဧက အောက်ကို အသေစားနဲ့ ၄ ဧက ကနေ ဧက ၂၀ အထိ အလက်စားလို့ သတ်မှတ်ထားကာ ဧက ၂၀ နဲ့ အထက်ကို လုပ်ငန်းရှင်ကြီးတွေလို့ သတ်မှတ်ထားပြီး အဆင့် ၄ ဆင့် ခွဲထားတယ်လို့ သယံဇာတသစ်တော နှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက ဒီဗွီဘီကို ပြောပါတယ်။

"ပြည်ထောင်စုအစိုးရရဲ့ ညွှန်ကြားချက်နဲ့ အမှတ် ၂ သတ္တုတွင်းကနေ ရွှေထွက်နိုင်မယ့် နေရာတွေကို လေ့လာပြီးတော့ ဖြစ်မြောက်နိုင်ခြေရှိတဲ့ မြို့နယ်သုံးမြို့နယ်ကို ခန့်မှန်ထားတာ ဖြစ်ပါတယ်။"

၂၀၁၈-၂၀၁၉ ဘတ်ဂျက်ကာလမှာ စတင်အကောင်အထည်ဖော်မှာဖြစ်ပြီး နိုင်ငံတော်ကို  ၁ ဧက ၁၅ သိန်းနှုန်း၊ ၁ နှစ်စာအခွန် ပေးသွင်းရမှာဖြစ်ပြီး ၁ ဧက ကနေ ၄ ဧကကို တိုင်းဒေသကြီးအစိုးရက စီမံခန့်ခွဲသွားမှာဖြစ်ပြီး ၄ ဧကနဲ့အထက်ကို ပြည်ထောင်စုအစိုးရက စီမံခန့်ခွဲသွားမှာဖြစ်ပါတယ်။

ရွှေသတ္တုတူးဖော်မယ်သူတွေအနေနဲ့ တိုင်းဒေသကြီးအစိုးရရဲ့ ဝန်ကြီးရုံးနဲ့ ရွှေကျင်မြို့အမှတ် ၂ သတ္တုတွင်းမန်နေဂျာတို့ထံ လျှောက်လွှာတွေ ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။

သတင်း-ဓာတ်ပုံ - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013