DVB Logo
Home
မြန်မာသတင်း
ရိုက်တာသတင်းထောက် ၂ ဦး အမြန်ဆုံးလွှတ်ပေးရန် အဖွဲ့အစည်း ၈၀ ကျော် တောင်းဆို
DVB
·
September 5, 2018
ရိုက်တာသတင်းထောက် ၂ ဦး အမြန်ဆုံးလွှတ်ပေးရန် အဖွဲ့အစည်း ၈၀ ကျော် တောင်းဆို
Donate to DVB

ရိုက်တာသတင်းထောက်တွေရဲ့ တရားစီရင်ရေးဖြစ်စဉ်တခုလုံး လွတ်လပ်မှုနဲ့ တရားမျှတမှု ကင်းမဲ့နေပြီး သူတို့ကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ ပြည်တွင်း အဖွဲ့အစည်းပေါင်း ၈၀ ကျော်က ဒီနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုပါတယ်။

သတင်းထောက်တွေဟာ သတင်းမီဒီယာ အလုပ်လုပ်ရုံနဲ့ အခုလို ထောင်ဒဏ် ချမှတ်လိုက်တဲ့အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ ဆိုပါတယ်။

တောင်းဆိုတဲ့အဖွဲ့တွေထဲမှာ လွတ်လပ်စွာပြောဆိုခွင့်အတွက် လှုပ်ရှားနေတဲ့အဖွဲ့တွေ၊ ကျောင်းသား သမဂ္ဂတွေ၊ လူငယ်ကွန်ရက်တွေ၊ ဖွံ့ဖြိုးရေးအဖွဲ့တွေ၊ မသန်စွမ်းအဖွဲ့တွေ၊ စာပေတိုက်၊ စာကြည့်တိုက်နဲ့ သတင်းအေဂျင်စီတွေ ပါဝင်ပါတယ်။

ဒီအမှုအတွက် တရားစီရင်ရေးဖြစ်စဉ်တခုလုံး လွတ်လပ်မှုနဲ့ တရားမျှတမှု ကင်းမဲ့နေတဲ့အပြင် ကြိုးကိုင်ခြယ်လှယ်ခံနေရတယ်ဆိုတာ တရားရုံးရဲ့ ဆုံးဖြတ်ချက်က ဖော်ပြနေတယ်လို့လည်း ဆိုပါတယ်။

ပြီးတော့ တရားရုံးဆုံးဖြတ်ချက်ဟာ ကျိုးကြောင်းဆီလျော်မှုမရှိဘဲ ထောင်ချောက်ဆင် ဖမ်းဆီးအမိန့်ချတယ်လို့ ယုံကြည်ကြောင်းလည်း သူတို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်ဟာ နိုင်ငံသားတို့ရဲ့ သတင်းအချက်အလက် ရယူသိရှိပိုင်ခွင့်နဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ရိုက်ချိုးတဲ့လုပ်ရပ် ဖြစ်တဲ့အပြင် တရားဥပဒေစိုးမိုးရေး၊ တာဝန်ယူ တာဝန်ခံမှုနဲ့ လွတ်လပ်မျှတမှုရှိတဲ့ လူ့အသိုင်းအဝိုင်းပေါ်ပေါက်လာရေး ကြိုးပမ်းမှုတွေအပေါ် ဖိနှိပ်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ ခံယူကြောင်းလည်း ဆိုပါတယ်။

ဒါကြောင့် နိုင်ငံတော် အစိုးရ၊ တပ်မတော်နဲ့ တခြား အာဏာပိုင်တွေ အားလုံးအနေနဲ့ ရိုက်တာ သတင်းထောက်တွေကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ မီဒီယာရဲ့ လွတ်လပ်ခွင့်ကို ကာကွယ်ဖို့၊ တာဝန်ယူမှု တာဝန်ခံမှုကို မြှင့်တင်ဖို့အတွက် တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013