DVB Logo
Home
မြန်မာသတင်း
လားရှိုးတွင် ရေကြီးသဖြင့် လယ်ဧက ၂၀၀ ခန့် ရေလွှမ်း၊  လူ ၁၀၀ ကျော် ရွှေ့ပြောင်း
DVB
·
September 5, 2018
လားရှိုးတွင် ရေကြီးသဖြင့် လယ်ဧက ၂၀၀ ခန့် ရေလွှမ်း၊  လူ ၁၀၀ ကျော် ရွှေ့ပြောင်း
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်ထဲမှာ မိုးအဆက်မပြတ်ရွာပြီး နမ့်ယောင် ချောင်းရေ လျှံ ကျတဲ့အတွက် လားရှိုး-နမ္မတူသွား ကားလမ်းမကြီး နဲ့ လမ်းဘေးက အီနိုင်းရွာထဲကိုပါ ရေတွေ ၀င်ရောက်လာခဲ့ပါတယ်။

နမ့်ယောင်ချောင်းရေတွေ စက်တင်ဘာ ၁ ရက်နေ့ကစပြီး ရွာထဲဝင်လာလို့ အနိမ့်ပိုင်းရှိ  အိမ်ခြေ ၂၈ လုံးက မိသားစုဝင်ပေါင်း ၁၂၄ ဦးကို ကျေးရွာဘုန်းကြီးကျောင်းမှာ ရွှေ့ပြောင်းနေရာ ချထားပေးရတယ်လို့ အီနိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းရင်က ဒီဗွီဘီကိုပြောပါတယ်။

“ရေတွေက တချို့အိမ်တွေဆို ခါးလောက်မြင့်တယ်။ တချို့က ဒူးလောက် အဲလိုပေါ့၊ တနေရာနဲ့ တနေရာ မတူဘူး။ အိမ်မှာနေလို့မရလို့ လူ ၁၂၄ ယောက် အီနိုင်းတိုင်းလျန်း ဘုန်းကြီးကျောင်းကို ရွှေ့နေရပါတယ်ခင်ဗျ။ ကယ်ဆယ်ရေးအဖွဲ့တွေက တနေ့ကို ထမင်း ၃ နပ် လာဝေပေးပါတယ်။ လားရှိုး နမ္မတူသွား ကားလမ်းပေါ်မှာလည်း ရေတွေပြည့်လို့ ကားတွေ သွားလာလို့ မရတော့ဘူး။  အိမ်မှာမွေးထားတဲ့ ကြက်တွေဝက်တွေလည်း အမြင့်ကိုရွှေ့ပြောင်း ထားရတယ်။”

အီနိုင်းကျေးရွာမှာ ပြီးခဲ့တဲ့ ဇူလိုင်လကလည်း  ရေလွှမ်းခဲ့ပြီး ဒီနှစ်ထဲမှာ ရေလွှမ်းမှုကို ၂ ကြိမ်ခံရပြီဖြစ်ကြောင်း၊ ပထမတခေါက်က လယ်ထဲပါ ရေ၀င်လို့ စပါးခင်းတွေ ပျက်စီးခဲ့ရာမှာ မြို့နယ်စိုက်ပျိုးရေးဌာနက မျိုးစပါးတွေဝေငှပေးပြီး အသစ်ပြန်စိုက်တာမှ မကြာသေးခင် အခု တကြိမ် ရေပြန်လွှမ်းခံရကြောင်း၊  ရေလွှမ်းခံရတဲ့ လယ်ဧကပေါင်း ၁၀၀ ကျော် ရှိပြီး နောက်တကြိမ် ပြန်စိုက်ဖို့ရာ အခါနှောင်းသွားပြီဖြစ်တဲ့အတွက် တစ်နှစ်တာ စားဝတ်နေရေး အခက်အခဲဖြစ်နိုင်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013