DVB Logo
Home
မြန်မာသတင်း
ပါတီနှင့်လူကိုကြည့်ပြီး မဲပေးရန် တစညပါတီ ပြောဆိုစည်းရုံး
DVB
·
September 4, 2018
ပါတီနှင့်လူကိုကြည့်ပြီး မဲပေးရန် တစညပါတီ ပြောဆိုစည်းရုံး
Donate to DVB

မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့  ပါတီကိုရောလူကိုပါ ကြည့်ပြီး မဲပေးကြပါလို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ပြောဆိုလိုက်ပါတယ်။

စက်တင်ဘာ ၃ ရက်က ကြားဖြတ်ရွေးကောက်ပွဲအတွက် မြန်မာ့ရုပ်မြင်သံကြားကနေ မဲဆွယ်စည်းရုံးရာမှာ ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဦးဟန်ရွှေက ပြောဆိုစည်းရုံးခဲ့တာဖြစ်ပါတယ်။

“အခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် တိုင်းရင်းသားပြည်သူများအနေနဲ့ ဆန္ဒမဲပေးရာမှာ ပါတီအဖွဲ့အစည်းကိုရော ကိုယ်စားလှယ်လောင်း လူကိုပါကြည့်ပြီး အကဲခတ် ဆန္ဒမဲပေးနိုင်ဖို့၊ ပါတီရဲ့အနေအထား သပိတ်ကျင်းမြို့နယ်၊ မဲဆန္ဒနယ်မြေ ၁ ပါတီကိုယ်စားလှယ် လောင်းရဲ့ အခြေအနေများနဲ့ ပါတီရဲ့ သဘောထား လုပ်ငန်းစဉ်တွေကို ကျနော် အကျဉ်းချုပ် တင်ပြခဲ့ပြီး ဖြစ်ပါတယ်။”

တစည ပါတီက မန္တလေးတိုင်းလွှတ်တော်၊ သပိတ်ကျင်းမဲဆန္ဒနယ်မြေအမှတ် ၁ မှာ ကိုယ်စားလှယ်လောင်း ဦးညီညီဆိုသူက ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ဦးညီညီဟာ သပိတ်ကျင်းမြို့နယ်ဇာတိဖြစ်ပြီး မြို့နယ်အကြောင်း အူမချေးခါးမကျန် သိသူ ဖြစ်တယ်လို့လည်း ပါတီရဲ့ စည်းရုံးပြောဆိုချက်မှာ ဖော်ပြထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လာမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးခွင့်ကို စက်တင်ဘာ ၃ ရက်ကနေ နိုဝင်ဘာ ၁ ရက်အထိ ရက်ပေါင်း ၆၀ ခွင့်ပြုထားပါတယ်။

မဲဆွယ်စည်းရုံးခွင့်စတင်တဲ့ စက်တင်ဘာ ၃ ရက်မှာ နိုင်ငံရေးပါတီတချို့က ကိုယ်စားလှယ် လောင်းတချို့ရဲ့ မဲဆွယ်စည်းရုံးရေးခရီးတွေ စတင်ခဲ့သလို နိုင်ငံပိုင်ရုပ်သံဌာနကနေလည်း နိုင်ငံရေးပါတီတွေက မဲဆွယ်စည်းရုံးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013