DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေအတွင်း ဘတ်စ်ကားအချို့ ၀င်ရောက်ပြေးဆွဲပေးမည်
DVB
·
September 4, 2018
Donate to DVB

ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေမှာ တက်ရောက်သင်ကြားနေတဲ့ ကျောင်းသား ကျောင်းသူတွေ သွားလာရေးအဆင်ပြေစေဖို့အတွက် ပြည်လမ်းနဲ့  အင်းစိန်မှာ ပြေးဆွဲနေတဲ့ ဘတ်စ်ကားတချို့ကို လှိုင်တက္ကသိုလ်နယ်မြေအတွင်းကို ဝင်ရောက်ပြေးဆွဲပေးဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဆောင်ရွက်နေပါတယ်။

ရန်ကုန်တက္ကသိုလ်လှိုင်နယ်မြေဟာ ပြည်လမ်းနဲ့  အင်းစိန်လမ်းကြားမှာ တည်ရှိပြီး ပြည်လမ်းကနေတဆင့် လာရောက်တဲ့ ကျောင်းသားတွေဟာ အဆင်ပြေပေမယ့် အင်းစိန်လမ်းကနေတဆင့် လာရောက်တဲ့ကျောင်းသားတွေမှာ ကျောင်းနဲ့  ဘတ်စ်ကားမှတ်တိုင်ဟာ ကွာဝေးတဲ့အတွက် သွားလာရ အခက်အခဲတွေရှိနေတာပါ။

ဒါ့အပြင် ကျောင်းသားတွေအနေနဲ့  လှိုင်တက္ကသိုလ်နယ်မြေကနေ ရန်ကုန်တက္ကသိုလ် ပင်မဆောင်ကို သွားရောက်ပညာသင်ယူနေရတာတွေရှိနေပြီး အခုလိုသွားရောက်ရာမှာ လည်း သွားလာရအဆင်မပြေမှုတွေရှိနေတဲ့အတွက် လှိုင်တက္ကသိုလ်နယ်မြေကနေ ရန်ကုန် တက္ကသိုလ်ပင်မဆောင်ကို ဆက်သွယ်ပေးမယ့် Shutter Bus တွေကိုပါ စီမံပေးသွားမယ်လို့ သိရပါတယ်။

ဒီစီမံကိန်းကို အခုလာမယ့် ပညာသင်နှစ်မှာ အကောင်အထည်ဖော်ပေးသွားမှာဖြစ်ပြီး စီမံကိန်းလုပ်ဆောင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့တွေနဲ့  ကျောင်းသား၊ ကျောင်းသူတွေပါဝင်တဲ့ ကော်မတီတရပ်ကို ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေကို ၁၉၈၉ ခုနှစ်မှစတင်ကာ နှစ်ပေါင်း ၂၈ နှစ် ကြာအောင် ပိတ်ထားခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာ ပြန်လည်ဖွင့်လှစ်ပေးခဲ့တာပါ။ လက်ရှိမှာတော့ လှိုင်တက္ကသိုလ်ထဲမှာ တက်ရောက်သင်ကြားနေတဲ့ ပထမနှစ် ကျောင်းသား၊ ကျောင်းသူဦးရေ ၁၅၀၀ ကျော်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013