DVB Logo
Home
မြန်မာသတင်း
စက်လှေပေါ်တက် လုယက်သူများကိုဖမ်းဆီးစဉ် ရန်ပြုသဖြင့် သေနတ်ဖြင့်အသေပစ်ဖမ်း
DVB
·
September 4, 2018
စက်လှေပေါ်တက် လုယက်သူများကိုဖမ်းဆီးစဉ် ရန်ပြုသဖြင့် သေနတ်ဖြင့်အသေပစ်ဖမ်း
Donate to DVB

ရေယာဉ်တွေပေါ်တက်ပြီး လုယက်သူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးချိန်မှာ ရန်ပြုလို့ သေနတ်နဲ့  အသေပစ်ဖမ်းခဲ့တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်းတောင်ပိုင်းခရိုင် တွံတေးတူးမြောင်းထဲမှာ ရပ်ထားတဲ့ ရေယာဉ်တွေပေါ်ကို တက်ပြီး လုယက်တာတွေ မကြာခဏ ဖြစ်နေတာကြောင့် မနေ့ညပိုင်းမှာ ဆိပ်ကြီးခနောင်တို မြို့မရဲစခန်းက ဒုရဲအုပ် ဇော်မင်းထိုက် ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေဟာ ရပ်ကွက် လူကြီးတွေနဲ့ အတူ ကျောက်ချ ရပ်ထားတဲ့ မြတ်ပုဝါသင်္ဘောပေါ်မှာ ကင်းပုန်းဝပ်စောင့်နေခဲ့ပါတယ်။

ဒီနေ့မနက်အစောပိုင်း ၁၂ နာရီခွဲအချိန်မှာတော့ အဲဒီသင်္ဘောနားကို စက်လှေတစီး ကပ်လာပြီး ဓားရှည်ကိုင်ထားတဲ့ လူ ၂ ယောက် သင်္ဘောပေါ်ကို တက်လာပါတယ်။

ဒုရဲအုပ် ဇော်မင်းထိုက်က ဓားကိုအောက်ချပြီး အဖမ်းခံဖို့ ပြောရာမှာ ဓားမချဘဲ ဝင်ခုတ်လို့  

ဒုရဲအုပ် ဇော်မင်းထိုက်က သူကိုင်ထားတဲ့ ပွိုင့် ၃၈ ဗို့ ခြောက်လုံးပြူးသေနတ်နဲ့ ပစ်သလို ရဲတပ်သား မြတ်သူနဲ့  ရဲတပ်သားအောင်ပိုင်ဖြိုး တို့က MA 13 သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးရာမှာ ဓားနဲ့ ဝင်ခုတ်သူ ၂ ယောက်ဟာ သေနတ်မှန်ပြီး စက်လှေပေါ်ကို ပြုတ်ကျ သေဆုံးသွားပါတယ်။

စက်လှေပေါ်မှာ ကျန်ခဲ့တဲ့ တယောက်ကတော့ ရေထဲကို ခုန်ချ ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဓားနဲ့  ခုတ်ခံရလို့ ဒုရဲအုပ် ဇော်မင်းထိုက်ရဲ့ ညာဘက်နားထင်မှာ ဒဏ်ရာရပြီး ဆိပ်ကြီး ခနောင်တိုမြို့နယ်၊ ပြည်သူ့ဆေးရုံမှာ အတွင်းလူနာအဖြစ် တက်ရောက်ကုသနေရတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

စက်လှေပေါ်က ခုန်ချထွက်ပြေးသွားသူကိုလည်း ဆိပ်ကြီးခနောင်တိုမြို့နယ် ရဲတပ်ဖွဲ့က

လိုက်လံရှာဖွေဖမ်းဆီးနေတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013