DVB Logo
Home
မြန်မာသတင်း
ပိုင်ရှင်မဲ့သင်္ဘောအတွက် ကုမ္ပဏီ တောင်းပန်
DVB
·
September 4, 2018
ပိုင်ရှင်မဲ့သင်္ဘောအတွက် ကုမ္ပဏီ တောင်းပန်
Donate to DVB

ပိုင်ရှင်မဲ့သင်္ဘောအတွက် ပြည်သူတွေ အထိတ်တလန့်ဖြစ်ခဲ့ရမှုကို တောင်းပန်တယ်လို့ သင်္ဘောကုမ္ပဏီကိုယ်စားလှယ် ဒေါ်မေသန့်ဇင်က ပြောပါတယ်။

မြန်မာ့ရေပိုင်နက်ပင်လယ်ပြင်မှာ သောင်တင်ခဲ့တဲ့ SAM RATULANGI သင်္ဘောနဲ့ ပတ်သက်လို့ စက်တင်ဘာ ၃ ရက်က ရန်ကုန်၊ ရှန်ဂရီလာဟိုတယ်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ Ocean Solution Maritime ကုမ္ပဏီရဲ့ တဦးတည်း ကိုယ်စားလှယ်ဖြစ်သူ ဒေါ်မေသန့်ဇင်က ပြောခဲ့တာ ဖြစ်ပါတယ်။

‘‘ပြည်သူတွေ ကြားထဲမှာ ပြန့်နေသလို မူးယစ်ဆေးဝါးတွေ သယ်လာတာ၊ လူကုန်ကူးတာ မဟုတ်ပါဘူး။ ရာသီဥတု မကောင်းလို့ အမျိုးမျိုးကြိုးစားပြီး နောက်ဆုံး  မရတော့လို့ ထားခဲ့ရတာမျိုးပါ။ ဒီလိုဖြစ်စဉ်တွေက ခဏခဏဖြစ်တတ်တဲ့ ဥပမာရှိပါတယ်၊ အဲ့ဒါ ကျမတို့ကုမ္ပဏီ အမှားပါ။ ဒါကြောင့် ပြည်သူလူထုရော သက်ဆိုင်ရာဝန်ကြီးဌာနရော ရေကြောင်းကာကွယ်ရေးအဖွဲ့ကိုပါ ကုမ္ပဏီကိုယ်စား တောင်းပန်ပါတယ်။’’

သင်္ဘောကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သွားရောက်ဖျက်ဆီးဖို့အတွက် ဆွဲသင်္ဘောနဲ့ ဆွဲယူလာတုန်း ရာသီဥတု ဆိုးရွားလို့ အခုလို သောင်တင်ခဲ့တာလို့ ကုမ္ပဏီဘက်က ပြောပါတယ်။

သြဂုတ် ၂၅ရက်မှာ ဆွဲသင်္ဘောနဲ့ဆွဲလာတုန်း မုတ္တမပင်လယ်ကွေ့နားမှာ ကြိုးပြတ်ပြီး မြန်မာနိုင်ငံဘက်ကို မျောပါသွားခဲ့တယ်၊ ဆွဲသင်္ဘောက ပြန်လည်ချိတ်ဆက်ပြီး ဆွဲဖို့ ကြိုးပမ်းနေတုန်း အခင်းဖြစ်ပြီး ငါးရက်အကြာ သြဂုတ် ၃၁ ရက်မှာ တပ်မတော်ရေက ဆွဲသင်္ဘော Independence နဲ့ သင်္ဘောသား ၁၃ ယောက်ကို ထိန်းသိမ်းခဲ့တယ်လို့လည်း ကုမ္ပဏီဘက်က ပြောပါတယ်။

မြန်မာအာဏာပိုင်တွေကို သတင်းမပို့တာနဲ့ပတ်သက်လို့ ဒေါ်မေသန့်ဇင်က ‘‘မုန်တိုင်းကြုံနေတော့ အကြောင်းကြားဖို့၊ ဆက်သွယ်ဖို့အချိန်မရတာလည်း ဖြစ်နိုင်သလို  ဆွဲလာတဲ့သင်္ဘောကြီးက မြန်မာရေပိုင်နက်ထဲ မ၀င်သွားလောက် ဘူးထင်လို့ အကြောင်းမကြားတာလည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကပ္ပတိန်ကိုတော့ ကုမ္ပဏီဘက်က အရေးယူသွားမှာပါ။ အလုပ်ထုတ်ဖို့အထိ ဖြစ်နိုင်ပါတယ်’’ လို့ ပြောပါတယ်။

စက်တင်ဘာ ၃ ရက်မှာ တပ်မတော်ရေက ထိန်းသိမ်းထားတဲ့ သင်္ဘောသား ၁၃ ယောက်ကို မြန်မာ့ရေကြောင်းအာဏာပိုင်ထံ လွှဲပြောင်းပေးထားပြီး သူတို့ လွတ်မြောက်ဖို့အတွက် ကုမ္ပဏီဘက်က သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆွေးနွေးနေပါတယ်။

အင်ဒိုနီးရှားနိုင်ငံအလံ တင်ထားတဲ့ ပိုင်ရှင်မဲ့ ကုန်တင်သင်္ဘောကြီးတစီးကို သြဂုတ် ၂၉ ရက်က သုံးခွမြို့နယ်အနီး မြန်မာ့ပင်လယ်ပြင်မှာ တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013