DVB Logo
Home
မြန်မာသတင်း
တပ်မတော်ထုတ်စာအုပ်တွင် ဘင်္ဂါလီဓာတ်ပုံ မှားယွင်းဖော်ပြမှု မြ၀တီစာပေတိုက် တောင်းပန်
DVB
·
September 4, 2018
တပ်မတော်ထုတ်စာအုပ်တွင် ဘင်္ဂါလီဓာတ်ပုံ မှားယွင်းဖော်ပြမှု မြ၀တီစာပေတိုက် တောင်းပန်
Donate to DVB

တပ်မတော်က ထုတ်ပြန်တဲ့ မြန်မာ့နိုင်ငံရေးနှင့်တပ်မတော် (အပိုင်း ၁) စာအုပ်မှာ ဘင်္ဂါလီ ဓာတ်ပုံ ၂ ပုံကို မှားယွင်း ဖော်ပြမိတဲ့အတွက် တောင်းပန်ကြောင်း မြ၀တီစာပေတိုက်က မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

စာမျက်နှာ ၇ မှာ ဘင်္ဂါလီတွေ မြန်မာနိုင်ငံတွင်း ၀င်ရောက်လာပုံ ဓာတ်ပုံနဲ့ စာမျက်နှာ ၁၄ မှာ ဘင်္ဂါလီများ ဒေသခံတိုင်းရင်းသားများအား ရက်စက်စွာ သတ်ဖြတ်ခဲ့ပုံ ဆိုပြီး ဓာတ်ပုံ ၂ ပုံ မှားယွင်းဖော်ပြမိတဲ့အတွက် မူရင်း ဓာတ်ပုံပိုင်ရှင်တွေနဲ့ စာဖတ်ပရိသတ်တွေကို အနူးအညွတ်တောင်းပန်တယ်လို့ ဖော်ပြထားပါတယ်။

မြဝတီစာပေတိုက်မှာ ပုံနှိပ်ခဲ့တဲ့ အဲဒီစာအုပ်မှာ စာမျက်နှာပေါင်း ၁၁၇ မျက်နှာပါပြီး တအုပ်ကို တန်ဖိုးငွေကျပ် ၁၈ဝဝ နဲ့ ၂ဝ၁၈ ခုနှစ် ဇူလိုင်လထဲမှာ စာအုပ်ရေ ၁ဝဝဝဝ ရိုက်နှိပ်ထုတ်ဝေခဲ့တာပါ။

အဲဒီစာအုပ် စာမျက်နှာ ၇ မှာ ရ၀မ်ဒါနိုင်ငံက ဟူတူ ဒုက္ခသည်တွေ ၁၉၉၆ ခုနှစ်က ထွက်ပြေးနေတဲ့ ရောက်စုံဓာတ်ပုံကို နယ်ချဲ့အင်္ဂလိပ်တို့ အောက်မြန်မာပြည် သိမ်းပိုက်ပြီးနောက် ဘင်္ဂါလီတွေ မြန်မာနိုင်ငံထဲ ဝင်ရောက်လာပုံဆိုပြီး ဖော်ပြထားတယ်။ စာမျက်နှာ ၁၄ မှာ ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးစစ်ပွဲကာလတုန်းက ပါကစ္စတန်တပ်ဖွဲ့တွေက ဘင်္ဂါလီတွေကို သတ်ဖြတ်နေတဲ့ပုံကို ဘင်္ဂါလီတွေက ဒေသခံတိုင်းရင်းသားတွေကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပုံဆိုပြီး မှားယွင်းဖော်ပြထားတယ်လို့ ရိုက်တာသတင်းဌာနက ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ခဲ့ပြီးနောက် အခုလို ပြန်လည်တောင်းပန်ခဲ့တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013