ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
September 3, 2018
မြီးဒုံးဆန်
ရန်ကုန်ဝါးတန်း ကုန်စည်ဒိုင်မှာ မြီးဒုံးဆန်က ၁ အိတ်ကို ၄၀၅၀၀ ကနေ ၄၂၅၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၅၀၀ ကျပ်ဈေး တက်လာပါတယ်။
မတ်ပဲ
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ၁ တန်ကို ၃၀၀၀ ကျပ်ဈေး တက်လာပြီး ဒီနေ့ပေါက်ဈေးက ၁ တန်ကို ၄၅၅၀၀၀ ကျပ်ရှိပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ၁ တန်ကို ၄၄၃၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၈၀၀၀၀ ကျပ်ဈေး တက်လာပါတယ်။
ထောပတ်ပဲ
ထောပတ်ပဲကတော့ ဒီနေ့မှာ ၁ ပိဿာကို ၂၅၂၀ ကနေ ၂၈၇၀ ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၉၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။
ပဲလွန်းဖြူ
ပဲလွန်းဖြူကတော့ ၁ ပိဿာကို ၃၅ ကျပ်ဈေး တက်လာပြီး ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ၁၃၃၀ ကနေ ၁၃၇၀ ကျပ်ရှိပါတယ်။
ပဲပုတ်
ပဲပုတ် (မြစ်ဝကျွန်းပေါ်) ကတော့ ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ၁၃၀၀ ကနေ ၁၃၃၅ ကျပ်ရှိပြီး ၁ ပိဿာကို ၁၀၀ ကျပ်ဈေး တက်လာပါတယ်။
ပဲကြီး
ပဲကြီး (ရွှေကျွန်း၊ ကုန်း) ကတော့ ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ၂၃၄၅ ကျပ်ကနေ ၂၈၃၅ ကျပ်ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၉၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။
စားတော်ပဲလုံး
စားတော်ပဲလုံးကတော့ ဒီနေ့မှာ ၁ ပိဿာကို ၂၀ ကျပ်ဈေး တက်လာပြီး ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ၁၀၈၀ ကနေ ၁၁၇၀ ကျပ်ရှိပါတယ်။
အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း - AMIA