DVB Logo
Home
မြန်မာသတင်း
ရိုက်တာသတင်းထောက် ၂ ဦးကို ထောင်ဒဏ် ၇ နှစ်စီချမှတ်လိုက်သည့်အပေါ် သုံးသပ်ချက်
DVB
·
September 3, 2018
ရိုက်တာသတင်းထောက် ၂ ဦးကို ထောင်ဒဏ် ၇ နှစ်စီချမှတ်လိုက်သည့်အပေါ် သုံးသပ်ချက်
Donate to DVB

ရိုက်တာ သတင်းထောက် ၂ ဦးကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ (၁)(ဂ) နဲ့ နဲ့ ရန်ကုန်မြို့ မြောက်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ၇ နှစ်စီ  ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။

ရိုက်တာသတင်းထောက် ၂ ဦးဆီကနေ လုံခြုံရေးဆိုင်ရာ အချက်အလက်တွေ တွေ့ရှိတာရယ်၊ ကိုဝလုံးအိမ်မှာတွေ့ရတဲ့ AA အဖွဲ့က ဖုန်းနံပါတ်တွေကို တွေ့ရှိတာကြောင့် လုံခြုံရေးဆိုင်ရာ အချက်အလက်တွေ၊ တရားမဝင်အဖွဲ့အစည်းထံရောက်နိုင်တယ်လို့ တရားသူကြီးက သုံးသပ်ပြီး အမိန့်ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။

ရိုက်တာသတင်းထောက် ၂ ဦးကို အခုလို အမိန့်ချမှတ်လိုက်တဲ့အပေါ် ပြန်ကြားရေး ဒုဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်၊ အန်အယ်လ်ဒီပြောခွင့်ရ၊ မီဒီယာကောင်စီဝင်တို့ရဲ့ သုံးသပ်ချက်တွကို စုစည်းတင်ပြထားပါတယ်။

ဦးအောင်လှထွန်း  (ပြန်ကြားရေး ဒုဝန်ကြီး )

“အမှုတခုကို တရားရုံးက ကိုင်တွယ်နေတုန်းမှာ ကောက်ချက်ချလို့မရပါဘူး။ အခုကတော့ အမိန့်ချလိုက်ပြီလို့ ကျနော်ကြားပါတယ်။ Personlly (ပုဂ္ဂိုလ်ရေးအရ) ကတော့ စိတ်မကောင်းပါဘူး။ သူတို့မှာ Appeal (အယူခံခွင့်) ရှိပါသေးတယ်။ ဒါက သတင်းလွတ်လပ်ခွင့်ကို ထိပါးသလားဆိုတာကတော့ Pscylogical (စိတ်ဓာတ်) ကိုတော့ ထိခိုက်မှာပေါ့။ မှန်ပါတယ်။ သတင်းလွတ်လပ်ခွင့်ကို အဟန့်အတားပြုတဲ့ ဥပဒေတချို့ ရှိနေ ပါသေးတယ်။”

ဒေါက်တာမျိုးညွန့် (အန်အယ်လ်ဒီရဲ့ ပြောခွင့်ရသူ)

“တရားစီရင်ရေးဆိုတာ အထောက်အထားအပေါ် အခြေခံရပါတယ်ခင်ဗျ။ တခါတရံမှာ အထောက်အထား မခိုင်လုံရင် အပြစ်ရှိတဲ့သူလည်း လွတ်တတ်ပါတယ်။ သံသယရှိစရာ အထောက်အထားတွေပေါ်ပေါက်ရင် အပြစ်မရှိဘဲ ခံစားခဲ့ရတာ ဒါကမ္ဘာ့သမိုင်းမှာလည်း အများကြီးရှိပါတယ်။”

ဦးမြင့်ကျော်  (မြန်မာနိုင်ငံ မီဒီယာကောင်စီဝင်)

“တရားစီရင်ရေးလွတ်လပ်ခွင့်မရှိဘူး။ သြဇာလွှမ်းမိုးမှုခံရတယ်။ ဘယ်သူတွေက ဘယ်လို လွှမ်းမိုးတယ် ဆိုတာတော့ ကျနော်တို့မှာ သက်သေ အထောက်အထားတော့ မရှိဘူး။ သို့ပေမယ့် အမှုသွား အမှုလာအရ ပြစ်ဒဏ်ကျခံရဖို့အကြောင်း မရှိဘဲ ကျခံရတော့ ကျနော်တို့က အဲလိုပဲ ယူဆရမှာပဲ။ နောက်တခုကတော့ မီဒီယာတွေဟာ ရခိုင်အရေးလို ကိစ္စမျိုးမှာ ဖုံးကွယ်နေတာတွေကို ထုတ်ဖော်ဖို့ ကြိုးစားရင်တော့ အခုလိုမျိုး အရင်းနှီးကြီးမားတယ်လို့ သတင်းစကားပါးတယ်လို့ နားလည်ရမှာပေါ့။ ဒီလိုအမိန့်ချတဲ့အတွက်လည်း အစိုးရပုံရိပ်ကျသလို ရခိုင်အရေးနဲ့ပတ်သက်ရင် နိုင်ငံတကာရဲ့ သံသယပိုပြီး ကြီးလာမယ်။”

ဦးအောင်သိန်း (အန်အယ်လ်ဒီပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တရားလွှတ်တော်ရှေ့နေ)

“လျှို့ဝှက်တဲ့ဆိုတဲ့ဥစ္စာသတ်မှတ်ချက်ရှိမှ လျှို့ဝှက်တယ်ဆိုတာ ပေါ်ပေါက်မှာ။ သမ္မတက ပြန်တမ်းနဲ့ထုတ်ပြန်ထားတဲ့ နယ်မြေမျိုးကို ကျူးဝင်ရင်၊ အစိုးရရဲ့ အရေးကြီးတဲ့ ကန့်သတ်တို့၊ လျှို့ဝှက်တို့ရေးထားတဲ့ စာရွက်စာတမ်းမျိုးရရှိမှသာလျှင် လျှို့ဝှက်အက်ဥပဒေနဲ့ အရေးယူလို့ရတယ်လို့ ကျနော် ရှေ့နေတယောက်အနေနဲ့ အဲလိုမြင်ထားတယ်ဗျ။ အခုဟာက ဒီလျှို့ဝှက်စာရွက်စာတမ်းဆိုတာကို အမှုရဲ့တည်ဆောက်ပုံအရကြည့်ရင် ဒါ Creation ပေါ့၊ ဖန်တီးပြီး တည်ဆောက်တယ်လို့ ကျနော်တို့က အဲလိုမြင်တယ်။ သဘာဝကျကျ အမှန်အတိုင်းတည်ဆောက်တဲ့ အမှုမဟုတ်ဘူးလို့ မြင်တယ်။ လျှို့ဝှက်လူသတ်တဲ့ကိစ္စကို ကျနော်တို့က လျှို့ဝှက်ထားရမှာလား။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013