DVB Logo
Home
မြန်မာသတင်း
အဖျောက်တွင် ကမ်းပါးပြိုကျမှုကြောင့်  ရွာလုံးကျွတ် နေစရာအခက်အခဲ ကြုံတွေ့
DVB
·
September 3, 2018
အဖျောက်တွင် ကမ်းပါးပြိုကျမှုကြောင့်  ရွာလုံးကျွတ် နေစရာအခက်အခဲ ကြုံတွေ့
Donate to DVB

တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့ အုန်းပင်ကွင်းကျေးရွာအုပ်စု အေးရွာကျေးရွာမှာ ကမ်းပါး ပြိုကျလာမှုကြောင့် ရွာလုံးကျွတ် ပြောင်းရွှေ့ဖို့ နေရာအခက်အခဲ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

အဲဒီကျေးရွာတွေဟာ ၂၀၁၅ ခုနှစ် မေလကစပြီး ကမ်းပါးပြိုလာလို့ တဖြည်းဖြည်း ရွှေ့လာခဲ့ပြီး အခုနောက်ဆုံး သင်္ချိုင်းမြေနေရာမှာ ပြောင်းရွှေ့နေထိုင်နေကြတာပါ။ အခုလက်ရှိမှာ ကမ်းပါးပြိုကျလာတာ သင်္ချိုင်းမြေနဲ့ ပေ ၂၀ လောက်သာ ကွာတော့တယ်လို့  အေးရွာနေ ဦးတင်စိုးက ပြောပါတယ်။

"မြို့တော်ဝန်နဲ့ စည်ပင်ဝန်ကြီးလာပြီး ကျနော်တို့ကို နေရာချပေးမယ်၊ ဆေးခန်းတွေ၊ စာသင်ကျောင်းတွေ ဆောက်ပေးမယ်ပြောသွားတယ်။ နောက် ၃ လကြာတော့ နေပြည်တော်က အဖွဲ့တွေရောက်လာပြီး မြေနေရာတိုင်းတာတွေ ခြံကွက်ပုံဖော်တာတွေ လုပ်သွားတယ်။ ဒါပေမယ့် ခုချိန်ထိတော့ ဘာမှမကြားရတော့ဘူး။ အခုဆို ရွာကကမ်းပြိုလို့ကုန်ပြီ၊ နေစရာမရှိလို့ နီးစပ်ရာနေရာတွေ လမ်းဘေးနားနဲ့ သင်္ချိုင်းမြေတွေထဲမှာ နေနေရတယ်" လို့ ပြောပါတယ်။

ကမ်းပြိုလို့ ရွာပျောက်သွားတာအပြင် လုပ်စားမြေ၊ ကိုင်းတွေပါ ကမ်းပြိုတဲ့အထဲ ပါသွားလို့ စားဝတ်နေရေးအတွက်ပါ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ မယမင်းဦးက ပြောပါတယ်။

"ကျမတို့ တောသူတောင်သားတွေက လယ်ယာကိုင်းတွေကိုမှီခိုပြီး ကလေးတွေ ပညာရေးနဲ့ စားဝတ်နေရေးကို ဖြေရှင်းနေရတာ အခုကိုင်းမြေတွေပါ ကမ်းပြိုတဲ့အထဲ ပါကုန်တာ၊ ကုန်သလောက်ဖြစ်နေပြီး ဒီမြေတွေမရှိတော့ရင် ကျမတို့ ဒုက္ခရောက်မှာပါ" လို့ ပြောပါတယ်။

တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဒု ဦးစီး ဦးအောင်ကျော်က "ကမ်းပြို မိသားစုတွေကို နေရာပြန်ချပေးဖို့ စားကျက်မြေ လျှောက်ထားတယ်၊ အရင်က ကန့်ကွက်တဲ့သူ တွေကြောင့် ကြန့်ကြာနေပြီး အခုတော့ အားလုံးအဆင်ပြေသွားပါပြီ။ ဌာနဆိုင်ရာအဆင့်ဆင့်ကို တင်ထားပါတယ်။ မကြာခင် နေရာချထားပေးနိုင်တော့မှာပါ" လို့ ပြောပါတယ်။

အဖျောက်မြို့ အေးရွာကျေးရွာ၊ ပန်းတုန်းပိတ်ကျေးရွာ၊ ရေပေါ်သောင်ကျေးရွာ၊ ကြွေ ပုဂံချောင်းကျေးရွာတို့ဟာ ၂၀၁၅ ခုနှစ်ကစပြီး ကမ်းပါပြိုလို့ မိသားစုတွေ ပြောင်းရွှေ့ခဲ့ရတာပါ။

ယခင်အစိုးရလက်ထက် ၂၀၁၂ ခုနှစ်က ကမ်းပြိုပြီး နေစရာ အခက်အခဲတွေ ဖြစ်ပေါ်နေတဲ့ ရေပေါ်သောင် ကျေးရွာအုပ်စုက အိမ်ထောင်စု ၃၅၀ ကို ခြံတကွက်လျှင် ၂ သိန်းကျပ်နှုန်းနဲ့ နေရာချထားပေးခဲ့ပါတယ်။

လက်ရှိမှာတော့ အေးရွာကျေးရွာက ကမ်းပါးပြိုလို့ အိမ်ထောင်စု ၁၇၅ ကျော်နဲ့ ပိတုန်းပိတ်ကျေးရွာက နေအိမ် ၁၀ လုံး နေစရာအခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013