DVB Logo
Home
မြန်မာသတင်း
ပုဒ်မ ၅၀၀ ဖြင့် တရားစွဲခံရသည့် ကချင်လူငယ် ၃ ဦးကို စွဲချက်တင်
DVB
·
September 3, 2018
ပုဒ်မ ၅၀၀ ဖြင့် တရားစွဲခံရသည့် ကချင်လူငယ် ၃ ဦးကို စွဲချက်တင်
Donate to DVB

တပ်မတော်ကို အထင်အမြင်လွဲအောင် ပြောဆိုခဲ့တယ်ဆိုပြီး အသရေဖျက်မှု ပုဒ်မ (၅၀၀) နဲ့ တရားစွဲခံနေရတဲ့ ကချင်လူငယ်ခေါင်းဆောင် ၃ ဦးကို ဒီကနေ့ စွဲချက်တင်လိုက်ပါတယ်။

အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ စွပ်စွဲခံရသူသုံးဦးက မနန်ပူ၊ ကိုလွမ်းဇောင်းနဲ့ ကိုဇော်ဂျက်တို့ ဖြစ်ပြီး သူတို့ကို ဒီကနေ့ မြစ်ကြီးနား မြို့နယ်တရားရုံးမှာ စွဲချက်တင်လိုက်တာလို့ လူငယ်တွေရဲ ရှေ့နေ ဒေါ်ဒွဲဘူးက ပြောပါတယ်။

“အမှုစွဲလို့ပဲ တရားရင်ဆိုင်နေရပြီလေ။ အဲတော့ သူတို့တင်ထားတဲ့ ပုဒ်မနဲ့ ငြိမငြိ၊ စွဲချက်တင်သင့် မတင်သင့် အမိန့်ချတာ။ ကျမတို့တော့ စွဲချက်မတင်သင့်ဘူးလို့  လျှောက်လဲချက်ပေးထားတာပေါ့၊ သူတို့ဘက်တော့ တင်သင့်တယ်ဆိုတော့ တရားသူကြီးက စွဲချက်တင်တယ်လေ။ စွဲချက်တင်တယ်ဆိုလို့ရှိရင် ကျမတို့က တရာခံတွေကို စစ်ဆေးသွားမယ်၊ တရားခံပြသက်သေတွေကို စစ်ဆေးသွားမှာပေါ့။”

သူတို့ကို စစ်ဆေးဖို့ လာမယ့် စက်တင်ဘာ ၆ ရက်၊ ကြာသပတေးနေ့မှာ ထပ်မံ ချိန်းဆိုထားပါတယ်။

အခုလို စွဲချက်တင်တဲ့အပေါ် တရားစွဲဆိုခံရသူ ဒေါ်နန်ပူက ဒါဟာ မတရားဘူးလို့ ပြောပါတယ်။

“တရားရုံးမှာ ကျမတို့ရဲ့ ရှေ့နေက ကျမတို့ကို တရားစွဲတဲ့ ဒုဗိုလ်မှူးကြီး မျိုးမင်းဦးကိုလည်း စစ်ပြီးပြီ။  ပြီးတော့ သူ့ရဲ့ တရားလိုပြသက်သေတွေထဲက ၃ ဦးကိုလည်း စစ်ပြီးပြီ။ နောက်တဦးက ပယ်ချလိုက်တယ်။ အဲလို စစ်တဲ့အခါမှာ ကျမတို့ကို တရားစွဲရခြင်းရဲ့ တိကျတဲ့ အချက်အလက်တွေ မရှိပေမယ့်လည်း ဒီနေ့ ကျမတို့ကို စွဲချက်တင်တယ်လို့ ဆုံးဖြတ်ချက်ချတယ်။ အဲဒီအပေါ်မှာ ကျမတော့ မတရားဘူးလို့ ပြောချင်တာပေါ့နော်။ ”

ကချင်လူငယ်ခေါင်းဆောင်သုံးဦးဖြစ်တဲ့ ကိုလွမ်းဇောင်း၊ ကိုဇော်ဂျက်နဲ့ မနန်ပူတို့ကို မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီး မျိုးမင်းဦးက ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က တရားစွဲဆိုခဲ့တာဖြစ်ပါတယ။

ကချင်ဒေသတွင်း တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ပြည်သူတွေကို လွှတ်ပေးဖို့ တောင်းဆိုရာမှာ ဦးဆောင်ခဲ့တာကြောင့် သူတို့ကို တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013