DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီတွင် ပြုပြင်ပြောင်းလဲမှုများလုပ်ရန် လိုနေဟု ဒေါ်သက်သက်ခိုင် ပြော
DVB
·
September 3, 2018
အန်အယ်လ်ဒီတွင် ပြုပြင်ပြောင်းလဲမှုများလုပ်ရန် လိုနေဟု ဒေါ်သက်သက်ခိုင် ပြော
Donate to DVB

အန်အယ်လ်ဒီပါတီမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ လိုနေသေးတယ်လို့ ပါတီ တာဝန်ကနေ ရပ်နားခံရတဲ့ ဒေါ်သက်သက်ခိုင်က ပြောပါတယ်။

"အဓိကက ကျမ တိုင်းပြည်အတွက်ပဲ အလုပ်လုပ်ချင်တယ်။ ဒီလိုလုပ်တာ ကျမအပေါ်မှာ ၄ ကြိမ်မြောက်ပေါ့နော်။ ပထမ ၃ ကြိမ်တုန်းကပင် ကျမသိတာကတော့ ပါတီတည်ဆောက် ရေး လုပ်ရဦးမယ်။ ပါတီမှာ ပြုပြင်ပြောင်းလဲရေးတွေ လိုနေသေးတယ်။ အဲ့ဒါတော့ ကျမပြောချင်ပါ တယ်။ ပါတီကိုလေ။ ဒီအပေါ်မှာ ကျမဘာမှမပြောချင်ပါဘူး။ ကျမအဆင်ပြေပါတယ်" လို့ ဒေါ်သက်သက်ခိုင်က ပြောပါတယ်။

တာဝန်ကနေ ရပ်နားခံရတဲ့အပေါ်မှာလည်း အယူခံဝင်နိုင်ပေမယ့် သူ့အနေနဲ့တော့ အယူခံဝင်ဖို့ အစီစဉ်မရှိဘူးလို့လည်း ဖြေကြားခဲ့ပါတယ်။

"မီဒီယာမှာ ကျမဖတ်ရတာတော့ မြို့နယ်ရဲ့ အလုပ်အမှုဆောင် ကော်မတီဝင်ကနေ ရပ်နားတာဖြစ်တယ်။ လွှတ်တော်ဆက်တက်ရမယ်။ ကော်မတီဝင်လည်းဖြစ်တယ်လို့ ဒီတိုင်းပဲ နေရမယ်လို့ ပြောပါတယ်။ အခက်အခဲ မရှိပါဘူး။ လွှတ်တော်မှာ ကိုယ်တတ်တဲ့ ပညာကိုယ် သင်ကြားထားတဲ့ ပညာနဲ့ ကိုယ့်လုပ်ငန်းအတွေ့အကြုံတွေနဲ့ ဆွေးနွေးတာတွေ ဆိုတော့ လွှတ်တော်ထဲမှာတော့ ဘာပြဿနာမှ မရှိဘူး" လို့လည်း ဖြေကြားခဲ့ပါတယ်။

သြဂုတ်လ ၂၅ ရက်က နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အန်အယ်လ်ဒီပါတီ CEC အစည်းအဝေးအပြီးမှာ ပြောရေးဆိုခွင့်ရှသူ ဒေါက်တာမျိုးညွှန့်က "လွှတ်တော်ကိုယ်စားလှယ် တွေကို တိုင်းကြားနိုင်ဖို့ ဖွင့်ထားတဲ့ တိုင်ကြားစာဌာနကို အစောင် ၂၀ တင်ခဲ့ပါတယ်။ အဲ့ဒါ အတွက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က နောက်ဆုံးအဆုံးအဖြတ်ပေးပါတယ်။ အဲ့ဒီအထဲက ၂ ဦးကို အရေးယူဖို့တင်ပြထားပါတယ်။ ပါတီကိစ္စဖြစ်တဲ့အတွက် အခုတော့ ပြောဆိုခွင့် မရှိသေး ပါဘူး။ နောက်တော့ သိလာမှာပါ"လို့ ပြောဆိုခဲ့ပါတယ်။

သြဂုတ် ၂၇ ရက်နေ့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်နဲ့ ဒဂုံ မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ တို့ကို လက်ရှိ ပါတီ ရာထူးတာဝန်ကနေ ရပ်နားခဲ့တာဖြစ်ပါတယ်။

ဒေါ်သက်သက်ခိုင်ဟာ ဒဂုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မြို့နယ် အလုပ်အမှုဆောင်အဖြစ်ကနေ ထုတ်ပယ်ခံရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013