DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့ရှိ One Stop Mart ဆိုင်ထဲ ဓားပြတိုက်သွားသူများကို ဖမ်းမိ  
DVB
·
September 3, 2018
ရန်ကုန်မြို့ရှိ One Stop Mart ဆိုင်ထဲ ဓားပြတိုက်သွားသူများကို ဖမ်းမိ  
Donate to DVB

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်က One Stop Mart ဆိုင်မှာ ဓားပြ ခြိမ်းခြောက်ပြီး ကျပ်ငွေ ၇ သိန်းခွဲကျော်  ယူသွားတဲ့ ၃ ဦးကို ဖမ်းဆီးအရေးယူထားတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။

ဒီနေ့ မနက် ၁၂ နာရီ ၅၀ နာရီအချိန်က ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်၊ ၄ ရပ်ကွက် ပါရမီကားဝင်းရှေ့ One Stop Mart ဆိုင်မှာ ညအရောင်းဝန်ထမ်း ဝေလင်းအောင် (၂၂ နှစ်)နဲ့ မနန်းဇင်ဝင်း (၂၃ နှစ်) တို့ အရောင်းကောင်တာမှာ ငွေရေတွက်နေစဉ် အမည်မသိ အမျိုးသား ၃ ဦးရောက်ရှိလာပြီး “အရက်သောက်ချင်တယ်၊ ပိုက်ဆံပေး”ဆိုကာ ကောင်တာအတွင်းမှ ငွေကျပ် ၇၇၁,၄၀၀ ကို ယူဆောင်သွားခဲ့တာပါ။

အမျိုးသား ၃ ဦးထဲမှ ၁ ဦးက စတီးဓားပြကာ အရောင်းဝန်ထမ်း ဝေလင်းအောင်ကို “မင်းကိုလည်း သိတယ်။ မင်းနေတဲ့နေရာကိုလည်း သိတယ်။ အော်ရင် သတ်ပစ်မယ်” လို့ ခြိမ်းခြောက်ပြီး ကောင်တာက ငွေ ၈ သိန်းနီးပါး ယူဆောင်ကာ ဆိုင်အတွင်းမှ ပြေးထွက်သွားတဲ့ အတွက် အရေးယူပေးဖို့ တောင်ဥက္ကလာပမြို့မရဲစခန်း တိုင်တမ်းတဲ့အတွက် (ပ)၁၀၂၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆/၁၁၄ ဖြင့် အမှုဖွင့်စုံစမ်းခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့ဝင်တွေက ဆိုင်ရှိ CCTV မှတ်တမ်းကြည့်ရှုပြီး လိုက်လံစုံစမ်းရှာဖွေနေစဉ် မနက် ၃ နာရီ ၅၅ မိနစ်အချိန် ပါရမီလမ်းနဲ့ ဝေဇယန္တာမီးပွိုင့်အနီးမှာ ပြစ်မှုကျူးလွန်ရာမှာပါဝင်တဲ့ တောင်ဥက္ကလာပမြို့နယ်နေ ဖိုးလပြည့် (ခ)ချီးပု (၂၀) နှစ်ကို ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းမိတဲ့ ဖိုးလပြည့်ကို ဆက်လက်စစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်ရာမှာ အတူပါဝင်ခဲ့သူတွေ ဖြစ်တဲ့ မြောက်ဥက္ကလာပမြို့နယ်နေ ကျော်မင်းထွန်း (၂၅ နှစ်)၊ တောင်ဥက္ကလာပမြို့နယ်နေ သော်ဦးဇင်(ခ) တရုတ်လေး (၂၆ နှစ်)တို့ဖြစ်ပြီး ဖိုးလပြည့်(ခ)ချီးပုထံမှ စက်တင်ဘာ ၂ နေ့ ရက်စွဲနဲ့ SKY WAY KTV ဆိုင်ရဲ့ ကျသင့်ငွေစုစုပေါင်း ၅၃၀၂၅ ကျပ်ပါ ဘောက်ချာ(၂)ရွက်၊ ငွေစက္ကူရောရာ ၄၄၀၀၀ ကျပ်တို့ကို သိမ်းဆည်းရမိခဲ့တဲ့အတွက် ဖမ်းဆီးအရေးယူ ဆောင်ရွက် နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013