DVB Logo
Home
မြန်မာသတင်း
ရိုက်တာသတင်းသမား ၂ ဦးအပေါ် တရားစီရင်မှု စိတ်ပျက်မိဟု ဥရောပသမဂ္ဂ ထုတ်ပြန်
DVB
·
September 3, 2018
ရိုက်တာသတင်းသမား ၂ ဦးအပေါ် တရားစီရင်မှု စိတ်ပျက်မိဟု ဥရောပသမဂ္ဂ ထုတ်ပြန်
Donate to DVB

သတင်းသမား ၂ ယောက်အပေါ် တရားစီရင်တာနဲ့ပတ်သက်ပြီး အလွန်အမင်း စိတ်ပျက်တယ်လို့ ဗြိတိသျှအစိုးရနဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်များကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

ဒီအမှုဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားတာနဲ့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးတို့မှာ အရိပ်မည်းသဖွယ် ကျရောက်ခဲ့ပြီး ဘယ်ဒီမိုကရေစီစနစ်မှာမဆို သတင်းသမားတွေဟာ သူတို့ရဲ့ တာဝန်ကို စိုးရိမ်ကြောင့်ကြစရာမလိုဘဲ ထမ်းဆောင်နိုင်ရမယ်လို့ ဆိုပါတယ်။

အခု ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံတွင်း သတင်းလွတ်လပ်ခွင့်ကို မှေးမှိန်အားလျော့စေပြီး တရားဥပဒေ စိုးမိုးရေးကိုလည်း ပြင်းပြင်းထန်ထန်စွာ ယိုယွင်းစေခဲ့တယ်လို့ ဆိုပါတယ်။

ဥရောရောပသမဂ္ဂဟာ သတင်းထောက်တွေရဲ့ တရားခွင်တိုင်းကို တောက်လျှောက် တက်ခဲ့ပြီး တရားသူကြီးဟာ တင်ပြတဲ့ သက်သေခံအထောက်အထားတွေကို လျစ်လျူရှုလို့ မြန်မာနိုင်ငံရဲ့ တရားဥပဒေတွေနဲ့ ဆန့်ကျင်ဆောင်ရွက်ခဲ့တယ်လို့ ယုံကြည်ကြောင်းလည်း သူတို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီနေ့ဟာ မြန်မာနိုင်ငံရဲ့ ဝမ်းနည်းဖွယ်နေ့တနေ့ဖြစ်ပြီး သတင်းထောက်တွေကို ချက်ချင်း လွတ်ငြိမ်းခွင့်ပေးဖို့ကိုလည်း ဗြိတိသျှသံအမတ်ကြီးက တောင်းဆိုပါတယ်။

အမေရိကန်သံရုံးကလည်း ဒီလို ပြစ်ဒဏ်ချလိုက်တာဟာ မြန်မာနိုင်ငံအတွင်း စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီလမ်းကြောင်းဆီ အသွင်ကူးပြောင်းရေးကို အားပေးထောက်ခံနေသူ အားလုံးအတွက် အလွန်အမင်း စိတ်သောကရောက်စရာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအမှုရဲ့ သိသာထင်ရှားတဲ့ ချွတ်ယွင်းချက်တွေက မြန်မာနိုင်ငံအတွင်း တရားဥပဒေ စိုးမိုးရေး၊ လွတ်လပ်စွာ တရားစီရင်ရေးနဲ့ ပတ်သက်ပြီး အလွန်အမင်းစိုးရိမ်ဖွယ်ရာ ဖြစ်စေတာ ကြောင့် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ သတင်းထောက်တွေ သူတို့ အလုပ် သူတို့လုပ်နေတာကို တရားစွဲတာတွေ ရပ်တန့်ဖို့ မြန်မာအစိုးရကို တိုက်တွန်းတယ် လို့လည်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013