DVB Logo
Home
မြန်မာသတင်း
ရိုက်တာသတင်းထောက် ၂ ဦးကို ထောင်ဒဏ် ၇ နှစ်စီ ချမှတ်
DVB
·
September 3, 2018
ရိုက်တာသတင်းထောက် ၂ ဦးကို ထောင်ဒဏ် ၇ နှစ်စီ ချမှတ်
Donate to DVB

ရိုက်တာ သတင်းထောက် ၂ ဦးကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ရန်ကုန်မြို့ မြောက်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ၇ နှစ်စီ   ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။

ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံး ဒုခရိုင်တရားသူကြီး ဦးရဲလွင်က သတင်းထောက်တွေကိုင်တဲ့ဖုန်းထဲက ပုပ်ရဟန်း မင်းကြီး ခရီးစဉ် စတဲ့ လျှို့ဝှက်စာရွက်စာတမ်းနဲ့ ကိုဝလုံး အိမ်မှာ AA အဖွဲ့ဝင်ရဲ့ ဖုန်းနံပါတ်တွေ့ရှိလို့ ချုပ်ရက်တွေနုတ်ပြီး ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်တာလို့ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။

ဒီလိုအမိန့်ချလိုက်တာဟာ စိတ်ပျက်စရာကောင်းပြီး အယူခံပြင်ဆင်မှုအပါဝင် သတင်းထောက်တွေ လွတ်မြောက်ရေး နည်းလမ်းစုံနဲ့ ကြိုးစားသွားမယ်လို့ ပြောပါတယ်။

ရိုက်တာသတင်းထောက်နှစ်ဦးကို နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁)(ဂ) နဲ့ အခုလို စီရင်ချက်ချလိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့သြဂုတ် ၂၇ ရက်နေ့မှာ အပြီးသတ် စီရင်ချက်ချမှတ်ဖို့  ရုံးချိန်းက တရားသူကြီး နေမကောင်းလို့ ရွှေ့ဆိုင်းလိုက်ရပြီး ဒီနေ့မှာ အပြီးသတ်စီရင်ချက် ချမှတ်လိုက်တာပါ။

သတင်းမီဒီယာကောင်စီအဖွဲ့ဟာ သတင်းမီဒီယာဥပဒေရဲ့ အားနည်းချက်ကြောင့် နိုင်ငံတော်အစိုးရလျှို့ဝှက်ချက်အက်ဥပဒေနဲ့ ထောင်ချခံလိုက်ရတဲ့ ရိုက်တာသတင်းထောက်တွေကို မကာကွယ်နိုင်ခဲ့တာလို့ ကောင်စီအဖွဲ့ရဲ့ အတွင်းရေးမှူး ဦးသီဟစောက ပြောပါတယ်။

တရားရုံးကို လာရောက်ခဲ့တဲ့ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်ကလည်း သတင်းယူရင်း ထောင်ချလိုက်တဲ့ကိစ္စဟာ စိတ်မကောင်းစရာဖြစ်တဲ့အတွက် ကြေညာချက်ထုတ် ထုတ်ပြန် သွားမယ်လို့ ပြောပါတယ်။

ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ရခိုင်ပြည်နယ် အင်းဒင်ရွာ လူသတ်မှုအကြောင်း သတင်းဆောင်းပါး ရေးသားဖို့ သတင်းလိုက်ရင်း ၂၀၁၇ ဒီဇင်ဘာလက ဖမ်းဆီးခံရတာ ၉ လကျော်ကြာရှိခဲ့ပါတယ်။

အင်းဒင်ရဲစခန်းက ဒုရဲမှူးမိုးရန်​နိုင်​ကတော့ ရိုက်တာ သတင်းထောက် ၂ ဦးကို ရဲတပ်ဖွဲ့က ထောင်ဖမ်းခဲ့တာလို့ သတင်းမီဒီယာတွေကို ပြောကြားထားပါတယ်။

လင်းဆက်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013