DVB Logo
Home
မြန်မာသတင်း
သက်ငယ်မုဒိန်းပပျောက်ရေး အရိပ်ဖြင့်တင်ဆက်သည့်အဖွဲ့ Myanmar’s Got Talent ဆုရရှိ (ရုပ်သံ)
DVB
·
September 3, 2018
သက်ငယ်မုဒိန်းပပျောက်ရေး အရိပ်ဖြင့်တင်ဆက်သည့်အဖွဲ့ Myanmar’s Got Talent ဆုရရှိ (ရုပ်သံ)
Donate to DVB

စက်တင်ဘာလ ၂ ရက်နေ့ညပိုင်းက ကျင်းပခဲ့တဲ့ Myanmar’s Got Talent 2018 ရဲ့ နောက်ဆုံးဖိုင်နယ်ပွဲစဉ်မှာ စွမ်းရည်ပြသတင်ဆက်မှုပုံစံအမျိုးမျိုးနဲ့ ပြိုင်ပွဲဝင် ၁၀ ဖွဲ့ ယှဉ်ပြိုင်ခဲ့ကြပြီး Junior Creative အဖွဲ့က Winner ဆုကို ရရှိသွားခဲ့ပါတယ်။

    သူတို့အဖွဲ့ဟာ သက်ငယ်မုဒိန်းမှုပပျောက်ရေး (Stop Child Sexual Abuse) အ တွက် Shadow Dance နဲ့ ဖန်တီးမှုကောင်းကောင်းနဲ့ အဖွဲ့လိုက်သရုပ်ဖော်တင်ဆက်ခဲ့ကြတာ ဖြစ်ပါတယ်။

    ဒီပြိုင်ပွဲမှာ ဒါရိုက်တာ မောင်သီ၊ ၀ါရင့်အမျိုးသမီးသရုပ်ဆောင် မို့မို့မြင့်အောင်၊ သရုပ်ဆောင်အဆိုတော်တဦးဖြစ်တဲ့ ချစ်သူဝေတို့နဲ့အတူ အစီအစဉ်တင်ဆက်သူတဦးဖြစ်တဲ့ မောင်မောင်အေးတို့က ဒိုင်တွေအဖြစ် ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

    ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် ၁၀ ဦးစာရင်းမှာတော့ မြန်မာနိုင်ငံ တနံတလျားက အ မျိုးမျိုးသော အနုပညာစွမ်းရည်ပြသမှုတွေနဲ့ ပါဝင်တင်ဆက်ကာ ပရိသတ်ရဲ့ မဲပေးရွေး ချယ်မှုတွေနဲ့ နောက်ဆုံး Winner ဆုကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

    First Winner Up ဆုကိုတော့ မြန်မာ့ဆိုင်းဝိုင်းထဲမှာ တကိုယ်တော်စွမ်းရည်ပြ တီးခတ်တင်ဆက်ခဲ့တဲ့ ဆိုင်းဆရာလေး ဇာနည်ကိုက ရရှိခဲ့ပြီး စစ်ပွဲအနိဌာရုံမြင်ကွင်းတွေနဲ့ ဘ၀ပုံရိပ်တွေကို သရုပ်ဖော်တင်ဆက်ခဲ့တဲ့ New Version အဖွဲ့က Second Runner Up ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013