DVB Logo
Home
မြန်မာသတင်း
ဘားအံမြို့ အဆင့်မြှင့်ဇွဲကပင်ပလာဇာကို ၂ နှစ်အတွင်း အပြီးဆောက်မည်
DVB
·
September 3, 2018
ဘားအံမြို့ အဆင့်မြှင့်ဇွဲကပင်ပလာဇာကို ၂ နှစ်အတွင်း အပြီးဆောက်မည်
Donate to DVB

ဘားအံမြို့ရဲ့ ပထမဆုံး ဇွဲကပင်ပလာဇာ အဆင့်မြှင့်ဈေးဝယ်စင်တာကို ကျပ်သန်းပေါင်း ၁၅ ဘီလီယံ အကုန်အကျခံပြီး ၂ နှစ်အတွင်း အပြီးတည်ဆောက်သွားမယ်လို့ UHN Development ကုမ္ပဏီက ပြောပါတယ်။

သြဂုတ် ၃၁ ရက်က ဘားအံမြို့၊ အဝေးပြေး ကားကြီးကွင်းဟောင်းမြေနေရာမှာ ပြုလုပ်တဲ့ အဆောက်အဦ ပန္နက်တင် မင်္ဂလာ အခမ်းအနားမှာ ပြောပါတယ်။

ဒေသတွင်း အလုပ်အကိုင်ဖန်းတီးပေးနိုင်ဖို့၊ ခေတ်နဲ့အညီ ဖွံ့ဖြိုးတိုးတက်လာတဲ့ အဆင့်မီ ဈေးဝယ်စင်တာကြီး ဖော်ဆောင်နိုင်ဖို့၊ ပြည်နယ်အတွက် အခွန်ဝင်ငွေတိုးပွားရရှိစေဖို့ ရည်ရွယ်ပြီး ဇွဲကပင်ပလာဇာ အဆင့်မြင့်ဈေး ၀ယ်စင်တာကို တည်ဆောက်တာလို့ ပြောပါတယ်။

UHN Development ကုမ္ပဏီမန်းနေဂျင်းဒါရိုက်တာ ဦးထွန်းအောင်ရွှေက “ဒီစင်တာကြီး ဖြစ်ပေါ်လာတာက ဒေသအတွက် လိုအပ်ချက်ကို တထောင့်တနေရာက ဖြည့်ဆည်းပေး နိုင်မယ်။ အလုပ်အကိုင် အခွင့်အလမ်းရ ရှိမယ်။ ပြည်နယ်အစိုးရကိုလည်း ဘဏ္ဍာရန်ပုံငွေတွေ ရှာဖွေပေးနိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကောင်းတွေနဲ့ ဆောင်ရွက်တာဖြစ်တယ်”လို့ ပြောပါတယ်။

ကရင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာ၊ စီမံနှင့် စည်ပင်သာယာဝန်ကြီး ဦးသန်းနိုင်က “ဒီလိုဆောင်ရွက်တဲ့အတွက် ဘာတွေ အကျိုးအမြတ်ရှိလာလဲဆိုတော့ လူထုတွေ ဒီမှာ သူများတိုင်းနဲ့ ပြည်နယ်ထက် လောက်လောက်ငှငှရှိတဲ့ ဈေးဝယ်စင်တာကြီးတခုမှာ ဈေးဝယ်လို့ ရမယ်။ ၀င်ငွေကတော့ နှစ်စဉ် မြေငှားရမ်းခတွေရမယ်။ ဆိုင်ခန်းငှားရမ်းခတွေ ရမယ်။ ဒါတွေကတော့ စည်ပင်သာယာနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ သူဟာနဲ့သူ ကျွဲကူးရေပါလို အကုန်လုံးဖြစ်လာမယ်” လို့ ပြောပါတယ်။

ဘားအံမြို့၊ အမှတ် ၉ ရပ်ကွက်၊ ဘားအံ-လှိုင်းဘွဲလမ်းဂွ၊ ဒေါ်မလေး က “နယ်ခံတွေ ကလည်း အလုပ်အကိုင်တွေ ရှိလာပြီးဆိုရင် သူဟာနဲ့ သူက ရှော့ပင်တွေ တခုပြီးတခု တိုးလာလည်း ပိုပြီးတော့စည်းကားလာမယ်လို့ ထင်ပါတယ်။ အဓိက က တို့လူငယ်တွေ လူမျိုးတွေ အလုပ်အကိုင်အခွင့် အလမ်းရှိဖို့။ အလုပ်အကိုင်အခွင့်အလမ်းရှိမှပဲ ရှော့ပင်တွေ အတွက်ကို အဆင်ပြေမယ်”လို့ ပြောပါတယ်။

ဇွဲကပင်ပလာဇာ အဆင့်မြင့် ဈေးဝယ်စင်တာစီမံကိန်းကို ယခင် ကားကြီးကွင်းဟောင်းမြေ ဧရိယာ ၃ ဒသမ ၃၄၄ ဧကပေါ်မှာ ဆိုင် ခန်းပေါင်း ၅၀၀ လောက်ပါဝင်တဲ့ ၅ ထပ် အဆောက်အဦကို ၂ နှစ်အတွင်းအပြီး တည်ဆောက်သွားမှာဖြစ်ပြီး ဒေသခံ ၂၅၀၀ ကို အလုပ်အကိုင် အခွင့်အရေးပေးသွားနိုင်မှာ ဖြစ်ပါတယ်။

အဆိုပါ ဈေးဝယ်စင်တာ တည်ဆောက်ရေးအတွက် ဂမုန်းပွင့် ကုမ္ပဏီ၊ အောင်မြင်ပြည့်စုံ ကုမ္ပဏီ၊ UHM ကုမ္ပဏီ တို့ တင်ဒါစနစ်နဲ့ ယှဉ်ပြိုင်ခဲ့ရာမှာ UHM ကုမ္ပဏီက တင်ဒါအောင်မြင်ပြီး နှစ် ၄၀ စာချုပ်နဲ့ လုပ်ကိုင်ခွင့်ရရှိတာပါ။

ကရင်ပြည်နယ်အစိုးရက ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို အခွန်ကင်းလွတ်ခွင့် ၇ နှစ် လုပ်ကိုင်ခွင့်ပေးထားပြီး အခွင့်ကင်းလွတ်ခွင့်ရအောင် လျှောက်ထားနိုင်သလို့ ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းရှင်တွေကို လာရာက်ရင်းနှီးမြှုပ်နှံဖို့ ပြည်နယ်အစိုးရက ဖိတ်ခေါ်နေပါတယ်။

ကရင်ပြည်နယ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေနဲ့ စက်မှုကဏ္ဍမှာ လုပ်ငန်း ၂ ခု နဲ့ စွမ်းအင်ကဏ္ဍမှာ ၁ ခုရှိပြီး အမေရိကန်ဒေါ်လာ စုစုပေါင်း ၂၂၃ သန်းကျော် ရင်းနှီးမြှုပ်နှံခွင့် ရရှိထားသလို တိုင်းနဲ့ ပြည်နယ်ကြီး ၁၄ ခု မှာ ကရင်ပြည်နယ်ဟာ အဆင့် ၁၂ မှာရှိပြီး မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု အနေနဲ့ ကျပ်သန်းပေါင်း ၁၃၆ သန်း ကျော် ရင်းနှီးမြှုပ်နှံခွင့်ရ ရှိထားတယ်လို့ မြန်မာ့ရင်းနှီးမြှူပ်နှံမှု ကော်မရှင်(MIC) ထုတ်ပြန်ချက် စစ်တမ်းအရ သိရပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013