DVB Logo
Home
နိုင်ငံတကာ
အမေရိကန် ကာကွယ်ရေးဝန်ကြီး  D-Day အထိမ်းအမှတ်ပွဲတက်ရောက်
DVB
·
June 7, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဇက်က D-Day  ၈၂ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ပြင်သစ်နိုင်ငံ ကော်လီဗီးလ်ဆာမဲမှာ ဇွန် ၆ ရက်က ကျင်းပတဲ့ အခမ်းအနားကို တက်ရောက်ပါတယ်။

နော်မန်ဒီ အမေရိကန်သင်္ချိုင်းမှာ မိန့်ခွန်းပြောချိန်မှာ ဟက်ဇက်က ခေတ်သစ်ခြိမ်းခြောက်မှုတွေအကြောင်း သတိပေးခဲ့တာပါ။ 

ဟက်ဇက်က “ဥရောပကမ်းခြေအမျိုးမျိုးဟာ အန္တရာယ်ရှိတဲ့ အယူဝါဒအမျိုးမျိုးနဲ့ တိုက်ခိုက်ခံရတယ်” လို့ ပြောခဲ့ပြီး အစိုးရတွေက အရေးယူဆောင်ရွက်ဖို့ သူက တိုက်တွန်းခဲ့ပါတယ်။ 

နိုင်ငံတွေအနေနဲ့ ပိုခိုင်မာတဲ့ မဟာမိတ်တွေ ပေါ်လာဖို့ သူက တောင်းဆိုခဲ့ပါတယ်။ လွတ်လပ်မှုကို ကာကွယ်ဖို့ နိုင်ငံတွေဟာ ဝန်ထုပ်ဝန်ပိုးတွေကို မျှဝေပြီး “ပခုံးချင်းယှဉ်” ရပ်တည်ရမယ်လို့လည်း ဟက်ဇက်က ပြောပါတယ်။ 

မဟာမိတ်စစ်သား တသိန်းခွဲကျော်က ဟစ်တလာရဲ့ တပ်ဖွဲ့တွေကို မောင်းထုတ်ဖို့ ပြင်သစ်ကို ထိုးဖောက်ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့နေ့ကို အထိမ်းအမှတ်ပြုပြီး D-Day အောက်မေ့ဖွယ် အခမ်းအနားတွေကို ကျင်းပပါတယ်။ 

D-Day မှာ သေဆုံးသူ၊ ဒဏ်ရာရသူနဲ့ ပျောက်ဆုံးနေတဲ့ စစ်သားတွေ အပါအဝင်မဟာမိတ်တပ်ဖွဲ့ဝင် ၁၀,၂၅၀ လောက် ထိခိုက်သေဆုံးခဲ့တယ်လို့  ဓနသဟာယစစ်သင်္ချိုင်းကော်မရှင်က ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013