DVB Logo
Home
မြန်မာသတင်း
သတင်းမီဒီယာကောင်စီဝင်အဖြစ်မှ ပယ်ဖျက်ပေးရေး ကန့်ကွက်စာအားလုံးကို ပယ်ချ
DVB
·
September 2, 2018
သတင်းမီဒီယာကောင်စီဝင်အဖြစ်မှ ပယ်ဖျက်ပေးရေး ကန့်ကွက်စာအားလုံးကို ပယ်ချ
Donate to DVB

သတင်းမီဒီယာကောင်စီဝင်အဖြစ်ကနေ ပယ်ဖျက်ပေးဖို့ ကန့်ကွက်ထားတဲ့ တိုင်ကြားစာအားလုံးဟာ လုပ်ထုံးလုပ်နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်တွေနဲ့ မညီတဲ့ အတွက်ကြောင့် သတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြောက်ရေးအဖွဲ့ကနေ ပယ်ချလိုက်ပါတယ်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရုံးမှာ စက်တင်ဘာလ ၂ ရက်နေ့က ပြုလုပ်တဲ့ သတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ရွေးချယ်တင်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဦးသီဟစောက ပြောဆိုလိုက်တာပါ။

၂၀၁၈ ခု သြဂတ်လ ၁၈ ရက်နေ့က ရွေးချယ်တင်မြောက်ခဲ့တဲ့ သတင်းမီဒီယာ ကောင်စီဝင်တွေထဲက ကောင်စီဝင်အသစ်တွေကော၊ အဟောင်းတွေကိုပါ ကောင်စီဝင်လောင်း အချင်းချင်းနဲ့ သတင်းမီဒီယာသမားတချို့က သတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြောက်ရေးအဖွဲ့ကို ကန့်ကွက်တဲ့ တိုင်ကြားစာတွေကို ပေးပို့ခဲ့ကြပါတယ်။

ဒါပေမယ့် တိုင်ကြားခံခဲ့ရတဲ့ ကောင်စီဝင်အားလုံးဟာ လုပ်ထုံးလုပ်နည်း ဥပဒေ၊ အမိန့်ညွှန်ကြားချက်တွေနဲ့အညီ တိုင်ကြားခံခဲ့ရတာ မဟုတ်တဲ့အတွက် ပယ်ချလိုက်ရတာလို့ ရွေးချယ်တင်မြောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဖြစ်သူ ဦးသီဟစောက ပြောပါတယ်။

ကန့်ကွက်တိုင်ကြားခံခဲ့ရတဲ့ ကောင်စီဝင်တွေဟာ မြန်မာနိုင်ငံသတင်းစာဆရာ အသင်းက ကိုယ်စားပြုတက်လာသူ ဦးကိုကို၊ မြန်မာဂျာနယ်လစ်ကွန်ရက်က ကောင်စီ ဝင်လောင်း ဦးမြင့်ကျော်၊ သတင်းမီဒီယာကောင်စီက ကိုယ်စားပြုပါလာသူ ဟံသာဝတီ ဦးအုန်းကြိုင်၊ စာရေးဆရာအဖွဲ့အစည်းမှ ကောင်စီဝင်လောင်းဖြစ်လာသူ မောင်ငြိမ်းသူ (ကြို့ပင်ကောက်) နဲ့ မြန်မာအမျိုးသမီးသတင်းသမားများအဖွဲ့ကနေ ကိုယ်စားပြုပြီး ကောင်စီဝင်ဖြစ်သူ ဒေါ်သူဇာတို့ကို ကန့်ကွက်တိုင်ကြားခံခဲ့ရတာဖြစ်ပါတယ်။

သူတို့ဟာ တိုင်ကြားခံခဲ့ရပေမယ့် ရွေးချယ်တင်မြောက်ရေးအဖွဲ့က ဥပဒေအမိန့် ညွှန်ကြားချက်တွေနဲ့ မညီတဲ့အတွက်ကြောင့် ပယ်ချလိုက်ပြီး တိုင်ကြားခံခဲ့ရသူတွေ အပါဝင် သြဂုတ်လ ၁၈ ရက်နေ့က ရွေးချယ်ခဲ့တဲ့သူတွေ ၂၉ ယောက်လုံးကို ကောင်စီဝင်များအဖြစ် စက်တင်ဘာလ ၂ ရက်နေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013