DVB Logo
Home
မြန်မာသတင်း
မဒေါက်နှင့်ဘားအံမြို့တို့၏ မြစ်ကမ်းအနီးနေသူများ အထူးသတိပြုနေကြရန် မိုးဇလပြော
DVB
·
September 2, 2018
မဒေါက်နှင့်ဘားအံမြို့တို့၏ မြစ်ကမ်းအနီးနေသူများ အထူးသတိပြုနေကြရန် မိုးဇလပြော
Donate to DVB

မဒေါက်မြို့နဲ့ ဘားအံမြို့ တို့ရဲ့ မြစ်ရေဟာ စိုးရိမ်ရေအမှတ်အထက် ကျော်လွန်နေလို့ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေသူတွေ အထူးသတိပြုနေထိုင်ကြဖို့ မိုးဇလက ထုတ်ပြန်ပါတယ်။

မြန်မာစံတော်ချိန် ၁၃း၃၀ နာရီ တိုင်းတာချက်အရ စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ၄ ပေလောက် ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း ပေဝက်လောက်ကျဆင်းနိုင်ကာ စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက် တည်ရှိနိုင်ပါတယ်။

သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၄ ပေလောက် ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း ပေဝက်လောက်ကျဆင်းနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်ပါတယ်။

ဒါကြောင့် မဒေါက်မြို့နဲ့ ဘားအံမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အထူးသတိပြု နေထိုင်ကြပါဖို့ မိုးဇလက အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013