DVB Logo
Home
မြန်မာသတင်း
ရေကြောင်းသွားလာမှု အန္တရာယ်ကင်းရှင်းရေး သတိပေးချက် ၉ ချက် ထုတ်ပြန်
DVB
·
September 2, 2018
ရေကြောင်းသွားလာမှု အန္တရာယ်ကင်းရှင်းရေး သတိပေးချက် ၉ ချက် ထုတ်ပြန်
Donate to DVB

မိုးရာသီ ရေကြောင်းသွားလာမှုဆိုင်ရာ အန္တရာယ်ကင်းရှင်းရေအတွက် ရေယာဉ်မောင်းတွေ လိုက်နာရမယ့် သတိပေးချက် ၉ ချက်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

မိုးရာသီအတွင်း ရေကြောင်းသွားလာမှု အန္တရာယ်ကင်းရှင်းရေးနဲ့ ရေယာဉ်တွေ ကြပ်မတ်စစ်ဆေး အသိပညာပေးတာတွေ လုပ်ဆောင်နေပြီး ရေယာဉ်မောင်းသူတွေ သတိပြုနိုင်ဖို့ အခုလို ထုတ်ပြန်တာလို့ ဆိုပါတယ်။

(၁) အရက်သေစာသောက်စားပြီး စက်လှေမောင်နှင်ခြင်း မပြုရန်။

(၂) သတ်မှတ်လူဦးရေ၊ ကုန်ချိန်ထက်ပို၍ တင်ဆောင်ခြင်းမပြုရန်၊

(၃) ရာသီဥတုဆိုးရွားပြီး မိုးမှောင်ကျသည့်အခါ အချက်ပြဆက်သွယ်ရန်အတွက် ခရာ၊ ဓာတ်မီး စသည့် အချက်ပြကိရိယာများ ယူဆောင်ရန်။

(၄) အသက်ကယ်ဗောကွင်းများ၊ လှေအကူများ ထားရှိရန်။

(၅) ရေယာဉ်တွင် စီးနင်းလိုက်ပါသည့် ခရီးသည်များအတွက် အသက်ကယ်အင်္ကျီ (တဦးလျှင် တခုကျစီ) ယူဆောင်ရန်။

(၆) ရေယာဉ်တွင် စီးနင်းလိုက်ပါသည့် ခရီးသည်များအတွက် အသက်ကယ် လှေ/ဖောင်များ လုံလောက်စွာပါရှိရန်။

(၇) ရေယာဉ်တွင် ပါရှိရမည့် ပစ္စည်းများ ပြည့်စုံစွာ ထားရှိရန်။

(၈) စက်တပ်ရေယာဉ်မောင်းသူများ လိုက်နာရမည့် အချက်များ၊ ရေယာဉ်မောင်းနှင်ခြင်းဆိုင်ရာ ဥပဒေများနှင့်အညီ မောင်းနှင်ကြရန်။

(၉) စက်တပ် ရေယာဉ်မောင်းသူများ၊ ရေယာဉ်ပိုင်ရှင်များ၊ ရေယာဉ်အုပ်ချုပ်သူများအနေဖြင့် အရေးပေါ်ဖြစ်သည့်အခါ လိုက်နာဆောင်ရွက်ရမည် အချက်များအား သိရှိလိုက်နာ ဆောင်ရွက်ကြရန်နှင့် ဇာတ်တိုက်လေ့ကျင့်မှုများအား အခါအားလျော်စွာ ဆောင်ရွက်သွားကြရန်။

ရေကြောင်းသွားလာမှု အန္တရာယ် ကင်ရှင်းရေးအတွက် ရေယာဉ်မောင်းသူတွေအနေနဲ့ အထက်ပါ အချက်တွေကို တိကျစွာ လိုက်နာကြဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013