DVB Logo
Home
မြန်မာသတင်း
စစ်​​ဒဏ်​​ကြောင့် မောက်မယ်မြို့နယ် လူ ၂၀၀ ​ကျော်​ အစားအစာ​ ပြတ်​လပ်​ပြီး အကူညီလိုနေ
DVB
·
September 2, 2018
စစ်​​ဒဏ်​​ကြောင့် မောက်မယ်မြို့နယ် လူ ၂၀၀ ​ကျော်​ အစားအစာ​ ပြတ်​လပ်​ပြီး အကူညီလိုနေ
Donate to DVB

စစ်​​ဘေးဒဏ်​အကျိုးဆက်​​ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ​မောက်​မယ်​မြို့နယ်​ ကဒူးကြီး​ဒေသ ပုန်းစုတ်​ရွာနဲ့ မဲုင်း​ရှား​စေးရွာက ပြည်​သူ ၂၀၀ ​ကျော်​ အစားအ​သောက်​ ပြတ်​လပ်​နေပြီး အကူညီလိုအပ်နေပါတယ်။

ပြီးခဲ့တဲ့ ​မေ ၂၀၁၇ က ရှမ်းပြည်​ပြန်​လည်​ထူ​ထောင်​​ရေး​ကောင်​စီ RCSS/SSA က တပ်​သားသစ်​စု​ဆောင်းမှု​ကြောင့် ရွာလုံးကျွတ်​ထွက်​​ပြေးတိမ်း​ရှောင်​ရပြီး ​နေရပ်​ပြန်​​ရောက်​တဲ့အချိန်​မှာ စိုက်​ပျိုး​ရေး အချိန်​လွန်​တဲ့အတွက်​ မစိုက်​ရဘဲ အခုနှစ်​သီးနှံမ​ပေါ်ခင် အစားအစာ ပြတ်လပ်ပြီး အကူညီလိုအပ်နေတာလို့ မဲုင်းရှား​စေး ရွာသား ခွန်မောင်ဗျန်းက ပြောပါတယ်။

ရွာနှစ်​ရွာ​ပေါင်း အိမ်​​ခြေ ၅၀ ​ကျော်​ရှိပြီး တချို့အိမ်​​တွေက တ​ရက်​လုံး ထမင်းတ​နပ်​သာ စား​သောက်​​နေရတယ်​လို့ ဆိုပါတယ်​။

ဒါ့အပြင်​ စား​သောက်​ဖွယ်​ရာ ရရှိဖို့ ​တောင်​​ပေါ်ရှိ ​ဆေးမြစ်​ဥ​တွေ လိုက်​တူးပြီး တရက်​တာ စားဝတ်​​နေ​ရေး​ ဖြေရှင်း​နေရတယ်လို့ ပုန်းစုတ်ရွာတာဝန်ခံ ခွန်မောင်ဆွာက ပြောပါတယ်။

အဲ့ဒီ ရွာနှစ်​ရွာမှာ ရှိတဲ့ အဘိုးအဘွား​တွေဟာ ကျန်းမာ​ရေး မ​ကောင်း​ပေမယ့် ​ဆေးကုသခံယူဖို့​​ ​ဆေး​ပေးခန်း​တွေလည်း မရှိသလို ​သောက်​သုံးဖို့​ ဆေး​တွေလည်းမရှိဘူးလို့ ခွန်မောင်ဗျန်းက ဆိုပါတယ်​။

အ​ရေး​ပေါ်အစား​အစာ ​ဖြေရှိင်းနိုင်​ဖို့ သြဂုတ်​ ၃၁ ရက်​က ​တောင်​ကြီးရှိ ပအိုဝ်းလူငယ်​​တွေက ဆန်အိတ် ​၆၀ နဲ့ ဆီ၊ ဆား၊​ ဆေးနဲ့ ဟင်းချက်​စရာ​တွေ သွား​ရောက်​လှူဒါန်း​ပေးခဲ့ပါတယ်​။

အဲဒီ​ဒေသမှာ အဓိက စပါး၊ နှမ်း ​ပြောင်း​တွေစိုက်​ပျိုးပြီး မိုင်​၂၀ ​ကျော်​ရှိတဲ့ ဆီဆိုင်​နဲ့ ​မောက်​မယ်​မြို့​တွေမှာ ​ရောင်းချပြီး ​စားဝတ်​​နေ​ရေးအတွက်​ ​ဖြေရှင်း​နေရတာပါ။

ခွန်​ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013