DVB Logo
Home
မြန်မာသတင်း
ဆင်းရဲနွမ်းပါးသူများအတွက် အခမဲ့ကူညီပေးမည့် တရားမျှတမှုစင်တာ ဖွင့်လှစ်
DVB
·
September 1, 2018
ဆင်းရဲနွမ်းပါးသူများအတွက် အခမဲ့ကူညီပေးမည့် တရားမျှတမှုစင်တာ ဖွင့်လှစ်
Donate to DVB

နေပြည်တော်ကောင်စီနယ်မြေအတွင်းက ပုဗ္ဗသီရိမြို့နယ်မှာရှိတဲ့ အောင်သုခကျေးရွာမှာ တရားမျှတမှုစင်တာ (Justice Center) ကို စက်တင်ဘာ ၁ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ပါတယ်။

အဲ့ဒီစင်တာဟာ မိသားစုဝင်ငွေ တစ်လ ကျပ် ၁ သိန်း ၂ သောင်းအောက် ၀င်ငွေရှိသူတွေကို ဆင်းရဲနွမ်းပါးတဲ့ မိသားစုအဖြစ် သတ်မှတ်ပြီး တရားရင်ဆိုင်မှုတွေ ကြုံတွေ့လာရမယ်ဆိုရင် အခမဲ့ကူညီပေးသွားမယ်လို့ သိရပါတယ်။

“ဒီအဖွဲ့အစည်းက တစ်ရက် ကို ၄ ထောင်အောက်ဝင်ငွေရှိတဲ့ သူတွေကိုပဲ လိုက်ပေးမယ့် အဖွဲ့အစည်းပေါ့။ တရားခံဘက်ကပဲ လိုက်ပေးမှာပါ။ တရားလိုဘက်ကတော့ မလိုက်ပေးပါဘူး” လို့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

စင်တာဖွင့်လှစ်တာနဲ့ ပတ်သက်ပြီး IBJ ရဲ့ ပရိုဂရမ် ဒါရိုက်တာ Mr. Jim Taylor ကတော့ “ဥရောပသမဂ္ဂ အထောက်အပံ့နဲ့ ဖွင့်လှစ်ပေးတဲ့ စင်တာဖြစ်ပါတယ်။ ဒီမှာက ဒက္ခိဏ ခရိုင်တရားရုံးလည်းရှိတော့ ဆင်းရဲသား ပြည်သူတွေကို အထောက်အကူဖြစ်နိုင်ဖို့အတွက် ဖွင့်တာဖြစ်ပါတယ်။ ရည်ရွယ်ချက်အနေနဲ့ကတော့ စွပ်စွဲခံရသူတွေဟာ ခုခံချေပခွင့် အခွင့်အရေးရပြီး ရှေ့နေတွေနဲ့ တိုင်ပင်ဆွေးနွေးနိုင်ဖို့၊ ရှေ့နေတွေရဲ့ အကူအညီကို ရယူနိုင်ဖို့အတွက် နိုင်ငံတကာမှာ ဖွဲ့စည်းရတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒီကနေ့ ဖွင့်လှစ်တဲ့ စင်တာကိုတော့ ၀၉၈၉၇၁၈၂၀၀ ဖုန်းနံပါတ် နဲ့ [email protected] ကနေလည်း ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။

အခုလို စင်တာမျိုးတွေကို မန္တလေး၊ တောင်ကြီး၊ တောင်ငူ၊ ဘားအံ၊ ကလောမြို့တွေမှာ ဖွင့်လှစ်ထားပြီး စင်တာတွေကိုတော့ Europen Union ရဲ့ အကူအညီနဲ့ International Bridges To Justice (IBJ) က တာဝန်ယူဖွင့်လှစ်ပေးတာဖြစ်ပါတယ်။

IBJ အဖွဲ့အစည်းကို ၂၀၀၀ ပြည့်နှစ်ကတည်းက စတင်တည်ထောင်ထားခဲ့တာဖြစ်ပြီး ကမ္ဘောဒီယား၊ အာဖရိကနိုင်ငံတွေအပါအ၀င် နိုင်ငံပေါင်း ၁၄ နိုင်ငံမှာ ဖွဲ့စည်းထားခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013