DVB Logo
Home
မြန်မာသတင်း
ရိုက်တာ သတင်းထောက် ၂ ဦး လွတ်မြောက်ရေး ဆန္ဒပြ
DVB
·
September 1, 2018
ရိုက်တာ သတင်းထောက် ၂ ဦး လွတ်မြောက်ရေး ဆန္ဒပြ
1 / 7
Donate to DVB

ပြည်သူလူထုသတင်းမှန်သိခွင့်ရရှိရေးနဲ့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းထောက် ၂ ယောက် လွတ်မြောက်ရေးအတွက် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ သတင်းသမားတွေ စုပေါင်းပြီး ရန်ကုန်မြို့မှာ လမ်းလျှောက်ချီတက်ဆန္ဒထုတ်ဖော်နေကြပါတယ်။

စက်တင်ဘာ ၁ ရက်နေ့၊ နေလယ် ၃ နာရီကနေ ညနေ ၆ နာရီအထိ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် အင်းစိန်လမ်းမကြီးနဲ့ ဘူတာရုံလမ်းထောင့်ကနေ လှည်းတန်းလမ်းဆုံ၊ အဲဒီကနေမှ ပြည်လမ်းအတိုင်း ချီတက်ဆန္ဒပြပြီး အင်လျားကန်ဘောင်မှာ အဆုံးသတ်ကြမယ်လို့ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက ပြောပါတယ်။

ဆန္ဒပြလှုပ်ရှားမှုမှာ အရပ်ဘက်အဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ပြည်သူတွေနဲ့ မြန်မာသတင်းသမားတွေ ကာကွယ်ရေးကော်မတီတို့က ပူးပေါင်းပါဝင်ကြတာကို တွေ့ရပါ တယ်။

မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက ဦးဆောင်လှုပ်ရှားသူ သာလွန်ဇောင်းထက်က “ဒီမိုကရေစီရဲ့ အခြေခံအခွင့်အရေးမှာ သတင်းအချက်အလက်တွေ လူထုက မှန်မှန်ကန်ကန် ရှင်းရှင်းလင်းလင်းသိဖို့ လိုအပ်တယ်။ အဲဒါက အခြေခံ အခွင့်အရေးပါ။ တကယ်လို့ ဒီလိုပြည်သူလူထုကို သတင်းမှန်ပေးနေတဲ့ သတင်းထောက်တွေ ထောင်ချအဖမ်းခံရရင် လူထုတွေ သတင်းမှန်းသိဖို့ တော်တော်ခက်ခဲသွားပြီ။ ဒီလှုပ်ရှားမှုရဲ့ အဓိကရည်ရွယ်ချက်ကတော့ သတင်းထောက်တွေ ဖမ်းဆီးခံရတာဟာ ပြည်သူတွေရဲ့ သတင်းမှန်သိခွင့် ပိတ်ပင်ခံရတယ် ဆိုတာကို တောင်းဆိုကြတဲ့ပွဲဖြစ်တယ်” လို့ ပြောပါတယ်။

အခုလှုပ်ရှားတဲ့ လမ်းလျှောက်ချီတက်ဆန္ဒထုတ်ဖော်မှုကို လှိုင်မြို့နယ်၊ ကမာရွတ်မြို့နယ် ရဲစခန်းတွေကို တရားဝင်တင်ပြ လျှောက်ထားပြီးမှ တရားဝင်ခွင့်ပြုချက်နဲ့အညီ ပြုလုပ်ခဲ့တာလို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃၊ (၁) (ဂ) နဲ့ တရားစွဲဆိုခံထားရတဲ့ ရိုက်တာသတင်းထောက် ၂ ယောက်ကို စက်တင်ဘာလ ၃ ရက်နေ့၊ မြောက်ပိုင်းခရိုင်တရားရုံးမှာ အပြီးသတ် အမိန့်ချမှတ်သွားမှာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013