DVB Logo
Home
Lead Story
ထုံးဘိုရဲဘက်စခန်းတွင် အခွင့်အရေးချိုးဖောက်ခံရမှု အကျဉ်းသားတဦးနှင့် မေးမြန်းချက်
DVB
·
September 1, 2018
ထုံးဘိုရဲဘက်စခန်းတွင်  အခွင့်အရေးချိုးဖောက်ခံရမှု အကျဉ်းသားတဦးနှင့် မေးမြန်းချက်
Donate to DVB

ထုံးဘိုရဲဘက်စခန်းမှာ အကျဉ်းသားအခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ ခိုးမှုနဲ့ ထောင်ကျနေတဲ့ အကျဉ်းသားတဦးက ဒီဗွီဘီကိုပြောပါတယ်။ သူဟာ သူခိုးအဖွဲ့ တဖွဲ့က ကားငှားလို့ လိုက်ပါပို့ဆောင်ရာကနေ ခိုးမှုနဲ့ထောင်ချခံခဲ့ရပြီး ထုံးဘို ရဲဖက်စခန်း ၁ မှာ အကျဉ်းကျနေတာဖြစ်ပါတယ်။ လက်ရှိ ရဲဘက်စခန်းထဲမှာ ကြုံတွေ့နေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး- လက်ရှိထုံးဘိုအကျဉ်းစခန်းမှာ အခွင့်အရေးချိုးဖောက်ခံရတယ်လို့ သိရပါတယ်၊ အဲဒါနဲ့ပတ်သက်ပြီး ပြောပြေပါဦး။

“ဒီမှာ ကျနော်တို့ အကျဉ်းသားအခွင့်အရေးဆိုတာ ဘာမှမရဘူး။  ဒီမှာ အကျဉ်းသားက သေးသေးလေး မှားတယ်ဆိုတာနဲ့ အရေးယူတာပဲ။ နောက်တချက် ကျနော်တို့ အကျဉ်းသားတွေကို ခိုင်းတာ ပိုပြီးခိုင်းနေတယ်။ ကျနော်က ကျောက်ထုတ်လုပ်ရေးစခန်းကလေ။ ကျောက်ထုတ်လုပ်ရေးစခန်းကနေပြီးတော့ ကျောက်ထုတ်ရတာ။ ကျနော်တို့တွေက နိုင်ငံတော်ကိုအပ်တဲ့ဟာက နည်းနည်းပါးပါးပဲ။ ကျနော်ဒီမှာ အားလုံးအချက်အ လက်တွေ အကုန်ယူထားတယ်။ နိုင်ငံတော်ကိုအပ်တဲ့ဥစ္စာထက်ပိုပြီးတော့ သူတို့မိသားစုအတွက် ကျနော်တို့ ကိုဝိုင်းပြီးတော့ လုပ်ကျွေးသလိုဖြစ်နေတယ်။

အခွင့်အရေးချိုးဖောက်ခံရတယ်ဆိုတာ ဘယ်လို အခွင့်အရေးတွေ ချိုးဖောက်ခံနေရတာ မျိုးကိုပြောတာလဲ။

“ဒီမှာ ကျနော်တို့အကျဉ်းသားတွေက ရသင့်ရထိုက်တဲ့အခွင့်အရေးတွေမရဘူး။ တန်းတူမဆက်ဆံဘူး။ ခွဲခြားဆက်ဆံကြတယ်။ ပိုက်ဆံပေးတဲ့လူကျတော့ နေချင်သလိုနေတယ်။ လုပ်ချင်သလိုလုပ်တယ်။ ကျန်တဲ့အကျဉ်းသားတွေက ပိုက်ဆံပေးတဲ့ လူအတွက်ကိုပါ ပိုပြီး လုပ်ပေးနေရတယ်။”

အကိုက ဘယ်လိုကြောင့်အကျဉ်းကျရတာလဲ။

“ကျနော်က ကားသမား တက္ကစီသမားတယောက်ပါ။ တက္ကစီသမားကတော့ သူခိုးလည်း လိုက်ပို့မှာပဲလေ။ ငှားတော့ လိုက်ပို့တာပေါ့။ လိုက်ပို့တဲ့အခါ ကျနော် မကွေးတိုင်းကနေ ကျတာ။ ကျနော် ရန်ကုန်မှာ တက္ကစီမောင်းတာ။ မကွေးကနေ ထုံးဘိုကိုရောက်သွားတာ။”

ထုံးဘိုရဲဘက်စခန်းမှာ ဘယ်နှနှစ်ရှိပြီလဲ။

“ကျနော်ဒီမှာနေတာ နှစ်နှစ်ခွဲကျော်ပြီ။ လေးနှစ်ကျထားတာ။ ကျနော်က လွတ်တော့မှာ။ အခု ၁၉ သုံးလပိုင်း ဆိုရင်လွှတ်ပြီ။ လGတ်လည်း ကျနော်ဒီဗွီဘီကို လာပြီး အကျိုးအကြောင်းပြောပြဦးမှာ။ ကျနော်က ပထမ သရက်ထောင်၊ သရက်ထောင်ကနေ ရွှေဘိုထောင်၊ ရွှေဘိုကနေပြီးတော့ ထုံးဘို ၁ ​ကိုရောက်တာ ရဲဘက်စခန်းကို။ ကျနော်က ရန်ကုန် မြောက်ဥက္ကလာမှာနေတာပါ။

ဘယ်လို သူခိုးကိုလိုက်ပို့တဲ့အမှုနဲ့ ထောင်ကျတာလဲ၊ ထောင်ကျရတဲ့ အကြောင်းကိုပြောပြပါ။

“ဟုတ်ကဲ့၊ သူခိုးတွေက ကျနော့်ကားကိုငှားတယ်။ ငှားတော့ ကျနော်က တရက်ကို ကျပ် ၅ aသာင်းနှုန်းနဲ့ယူတာ။ နယ်ကိုလိုက်ရင် ၅ သောင်းယူတာ။ အဲဒါ ကျနော်လိုက်သွားရော၊ လိုက်သွားတဲ့အခါကျတော့ ဟိုရောက်တဲ့အခါ သူတို့တွေက ခဏလေးအကို ဒီနေရာလေး စောင့်နေပါဦးဆိုပြီး ကျနော်က စောင့်နေတာပေါ့နော်။ သူတို့ကတော့ အဒေါ်တွေဆီ သွားလိုက်ဦးမယ်။ သွားပြီးတော့ သူတို့ပြန်လာတာ ပစ္စည်းတွေ ပါလာတယ်။ ကျနော်ကလည်း အဲဒါတွေကို ကျနော် မကျခင် ရဲတွေကို ကျနော်အကျိုးအကြောင်းပြောပြတယ်။ အဲဒါကို သူခိုးတွေကိုကျတော့ မိအောင်မဖမ်းဘူး။ ကျနော်တို့ကိုတော့ ထောင်ချလိုက်တယ်။”

“အခု ထောင်ကျတဲ့အခါကျတော့ အခုဒီမှာ ကျနော်တို့က ကျောက်တွေထုရတယ်။ ကားတွေပေါ်တင်ရတယ်။ အဲလိုမျိုးလုပ်ရတယ်။ ကျနော်တို့က ထော်လာဂျီတစီးကို ၈၅ဝဝ ရတယ်။ ကျနော်တို့အကျဉ်းသားက ၅ဝဝ ပဲရတယ်။ ၈ဝဝဝ က သူတို့ ဝန်ထမ်းတွေက ယူတာ။ အဲမှာ ဝန်ထမ်းတယောက်ကို တပ်ကြပ်ကြီးဆိုရင် ၅ဝဝဝ ရတယ်။ ရဲဘော်အဆင့် ဝန်တမ်းတွေ ၂ဝဝဝ ရတယ်။ ကျနော်တို့အကျဉ်းသားကိုကျတော့ တစီးမှ ၅ဝဝ ပဲပေးတာ။ ကားတစီးကို ၅ဝဝ ပဲရတာ။ တနေ့ကာ ၄ဝ - ၅ဝ တင်ရတာ။ ခွဲက ၈ ခွဲရှိတယ်။ ခွဲ ၁ ကနေ ၈ အဲလိုမျိုးရှိတယ်။ ကျနော်တို့ အဲလိုလုပ်ပေးနေတဲ့ အကျဉ်းသားတွေကို ပြဿနာ တခုခုဖြစ်ရင် အရေးယူတယ်။  သူတို့ဝန်ထမ်းတွေမှားတဲ့အခါကျတော့ အရေးမယူဘူး။ ညီလေး-အကိုကြီးနဲ့ ပြီးသွားတာ။ ကျနော်ဆိုရင် လူ့အခွင့်အရေးကိုတိုင်တယ်။ အိုင်စီအာစီကိုလည်းသတင်းပို့တယ်။ ကျနော်လည်း တီဗွီထဲက သတင်းနဲ့ ဖုန်းနံပါတ်ရပြီး ဆက်ပြီးတိုင်ကြားတာပါ။”

အခုနက ပြောတဲ့ သူခိုးတွေကို မဖမ်းဘဲ အကိုကိုပဲ ဖမ်းလိုက်တာလား။

“ဟုတ်ကဲ့ အဲလိုမျိုး။ ကျနော်နဲ့ပါလာတဲ့အမှုတွဲတယောက်ကို  ၉ လချပြီးတော့ လွှတ်လိုက်တယ်။ ကျနော့်ကိုပဲ အဲလို ခိုးမှု ပုဒ်မ ၃ဝ၈ ရယ်၊ ၄၅၇ နဲ့ တပ်ထားတာ။ ကျနော့်ကားကို သိမ်းထားတာ ပြန်ရွေးသွားပြီ။ ကျနော်က အိမ်က မိသားစုက မပြေလည်ဘူးလေ။ မပြေလည်တဲ့အခါကျတော့ မပေးနိုင်ဘူး။ မပေးနိုင်တဲ့အခါကျတော့ ကျနော့်ကို ချပစ်လိုက်တယ်။ အမှန်ကျနော်တို့ အမှုရင်ဆိုင်ရတာ တနှစ်ပြည့်ဖို့ တလကျော်လိုတာ။ အဲဒါကို ကျနော့်အမှုတွဲပါတယောက်ကို ၉ လပဲချပြီး လွှတ်ပေးလိုက်တာ။ မကွေးတရားရုံးက တရားသူကြီးနာမည်ကအစ မှတ်ထားပါတယ်။

အဲဒီတော့ အကိုတို့အနေနဲ့ ဘယ်လိုဖြစ်စေချင်တာတာလဲ။

“ကျနော်တို့က ဖြစ်စေချင်တာကတော့ ကျနော်တို့အခွင့်အရေးကို ကျနော်တို့ကိုလည်း ကျနော်တို့စည်းကမ်းနဲ့ နေတဲ့ကြားထဲမှာ စည်းကမ်းဖောက်ဖျက်တယ်ဆိုရင် အရေးယူ၊ သူတို့ ဝန်ထမ်းတွေ စည်းကမ်းဖောက်ဖျက်တယ်ဆိုရင်လည်း အရေးပေးဖို့ ကျနော်တို့က အဲလို ဖြစ်စေချင်တာပေါ့။ အခုကျတော့ အဲလိုမျိုးမဟုတ်ဘူး။ တဖက်စီးနင်း၊ ကျနော်တို့ အကျဉ်းသားတွေကိုကျတော့ ဟိုမသွားရဘူး၊ ဒီမသွားရဘူး။ စည်းကမ်းချက် ၁၈ ချက်ထုတ်ထားတယ်။ အဲဒီအတိုင်းနေရတယ်။ သူတို့လစာ ရဖို့အတွက်ကို ကျနော်တို့က ဒီမှာ ပံ့ပိုးနေရတယ်။ တရက် တရက်ကို တပ်ကြပ်ကြီးတယောက်အနည်းဆုံး ၅ဝဝဝ ရတယ်။  အဲဒါ လစာအပြင်ကို ရတာ။ နေ့စဉ်နဲ့အမျှ ကျနော်တို့က သူတို့ကို ဝန်ထမ်းကြေးဆိုပြီး ရှာပေးနေရတာ။ ကျောက်ထမ်းပြီးတော့ ရှာရတယ် ကျောက်ရိုက်ပြီးတော့ ရှာရတယ်။”

နောက်တချက် ထောင်ထဲရောက်တဲ့အခါကျတော့လည်း ပိုက်ဆံရှိတဲ့လူကျတော့ ဆက်ဆံတာတမျိုး၊ မရှိတဲ့လူကျတော့ ဆက်ဆံတာတမျိုး၊ နောက်ပြီးတော့လည်း အရာရှိနဲ့ပတ်သက်တဲ့လူကျတော့ ဘယ်လိုနေ၊ မပတ်သက်တဲ့လူကျတော့ ဘယ်လိုလုပ် အဲလိုပုံစံမျိုးတွေ ကျနော်တို့ဒီမှာ စာရင်းနဲ့ကို ကောက်ထားတယ်။ ကျနော်ထွက်တဲ့နေ့ကျရင် ကျနော်တိုင်ကြားမယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013