DVB Logo
Home
မြန်မာသတင်း
အင်တာဗျူးဖြေမှုကြောင့် လာအိုရဲဖမ်းထားသည့် မြန်မာအလုပ် ၂ ဦး ပြန်လွတ်
DVB
·
September 1, 2018
အင်တာဗျူးဖြေမှုကြောင့် လာအိုရဲဖမ်းထားသည့် မြန်မာအလုပ် ၂ ဦး ပြန်လွတ်
Donate to DVB

ရွှေတြိဂံဒေသ လာအိုင်နိုင်ငံအတွင်း သတင်းထောက်ကို အင်တာဗျူးဖြေဆိုခဲ့လို့ လာအိုရဲက ဖမ်းဆီးထားတဲ့ မြန်မာအလုပ်သမား ၂ ဦး သြဂုတ် ၃၁ ရက်နေ့က ပြန်လည်လွတ်မြောက်လာပါတယ်။

တရားမ၀င်နေထိုင်မှုနဲ့ လာအိုအာဏာပိုင်တွေက အလုပ်သမား ၄၀၀ ကျော် ဖမ်းဆီးပြီး ဒဏ်ငွေ ဘတ် ၃၀၀၀ ရိုက်တဲ့ကိစ္စ အင်တာဗျူးဖြေခဲ့တဲ့ အလုပ်သမား ၄ ဦးကို လာအိုရဲက ခေါ်ယူစစ်ဆေးပြီး သြဂုတ် ၃၀ ရက်နေ့က ၂ ဦးကို ဖမ်းဆီးခဲ့တာပါ။

ပြန်လွတ်လာတဲ့ မြန်မာအလုပ်သမားက "ဘာအကြောင်းပြချက်မှတော့မပြောဘူး နောက်နေ့ကျတော့ ပြန်လွှတ်ပေးလိုက်တာပဲ၊ သူတို့က ဖမ်းတုန်းက သတင်းထောက်တွေကို ဘယ်သူခေါ်တာလဲမေးတယ်၊ သူတို့မကျေနပ်တာ သတင်းမပို့ဘဲ သတင်းလာယူသွားတဲ့အတွက်လို့ပြောတယ်၊ ဒါကြောင့် အင်တာဗျူးဖြေတဲ့သူတွေကို ခေါ်ယူစစ်ဆေးတာပါ" လို့ပြောပါတယ်။

ဆက်လက်ပြီး မြန်မာအလုပ်သမားတွေကို ထပ်မံဖမ်းဆီးတာတွေ မရှိတော့ပေမယ့် စောင့်ကြည့်ခံထားရတဲ့ အခြေအနေတွေရှိနေကြောင်း၊ အခုလက်ရှိ နေထိုင်ခွင့်စာအုပ်နဲ့ ဆိုင်ကယ်တွေကို ဒေသတွင်းစီးနင်းမောင်းနှင်ခွင့် လိုင်စင်လုပ်ပေးနေတယ်လို့ သိရပါတယ်။

မြန်မာအလုပ်သမားတွေ ဖမ်းခံရတာနဲ့ပါတ်သက်ပြီး တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် သူ့အနေနဲ့ ဆောင်ရွက်ပိုင်ခွင့်မရှိဘဲ စစ်ဗျူဟာမှူး ဦးဆောင်တဲ့ ဒေသဆိုင်ရာ နယ်စပ်ဆက်ဆံရေး(RBG)နဲ့သာ သက်ဆိုင်မှုရှိတယ်လို့ ဖြေကြားခဲ့ပါတယ်။

သြဂုတ် ၃၀ ရက်နေ့မှာတော့ လာအိုရောက် မြန်မာနိုင်ငံသားတွေအရေး ကူညီဆောင်ရွက်ဖို့ ပြည်နယ်အဆင့် နယ်/လုံဝန်ကြီး တာချီလိတ်မြို့ကို ရောက်ရှိလာတယ်လို့ ကြားသိရပေမယ့် သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

(ကိုဇက်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013