DVB Logo
Home
မြန်မာသတင်း
ကုလ အစီရင်ခံစာကြောင့် ရခိုင်အရေး အစိုးရကြိုးပမ်းမှု အဟန့်အတားဖြစ်မည်ကို စိုးရိမ်
DVB
·
September 1, 2018
ကုလ အစီရင်ခံစာကြောင့် ရခိုင်အရေး အစိုးရကြိုးပမ်းမှု အဟန့်အတားဖြစ်မည်ကို စိုးရိမ်
Donate to DVB

ကုလသမဂ္ဂက မြန်မာနိုင်ငံအရေး စုံစမ်းစစ်ဆေးဖို့ ဖွဲ့ထားတဲ့ နိုင်ငံတကာ လွတ်လပ်သောအချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာဟာ အစိုးရရဲ့ ကြိုးပမ်းအားထုတ်တာကို အဟန့်အတားဖြစ်မှာ စိုးရိမ်တယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

ဒီအဖွဲ့ တည်ထောင်တာ၊ ဖွဲ့စည်းတာနဲ့ လုပ်ပိုင်ခွင့်တွေဟာ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ရေရှည်တည်တံ့တဲ့ အဖြေတွေ ရှာဖွေနေတဲ့ အစိုးရရဲ့ ကြိုးပမ်းတာကို အဟန့်အတားဖြစ်လာမယ်လို့ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

သြဂုတ် ၂၇ ရက်က ထုတ်ပြန်တဲ့ အဲဒီအစီရင်ခံစာဟာ ရခိုင်ပြည်နယ်က လူမှုအသိုင်းအဝိုင်းတွေ ပေါင်းစည်းနေထိုင်တာကို ပျက်ပြားစေရုံမက နိုင်ငံတဝန်း ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရရဲ့ ကြိုးပမ်းနေတာတွေကိုပါ ထိခိုင်စေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီး တပ်မတော် ထိပ်ပိုင်းတာဝန်ရှိသူ ၆ ဦးကို အိုင်စီစီ နိုင်ငံတကာရာဇ၀တ်မှု ခုံရုံးမှာ စုံစမ်းစစ်ဆေးသင့်တယ်လို့  အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လူ့အခွင့်အရေးကောင်စီဟာ မြန်မာနိုင်ငံအရေး စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာ လွတ်လပ်သောအချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ကို ၂ဝ၁၇ ခုနှစ် မတ်လမှာ ဖွဲ့ခဲ့ပြီး အဲဒီအဖွဲ့ကို ပယ်ချကြောင်း၊ အဲဒီအဖွဲ့ရဲ့ ရှာဖွေတွေ့ရှိချက်တွေကို လက်မခံကြောင်း ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အချက်အလက် ရှာဖွေရေး ကော်မရှင်က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ တပ်မတော်ရဲ့ ရိုဟင်ဂျာတွေအပေါ်မှာ ကျူးလွန်တဲ့ လုပ်ရပ်တွေဟာ လုံခြုံရေး အကြောင်းပြ ရှင်းလင်းတာထက် ပိုခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးအပါအဝင် တပ်မတော်ရဲ့ ထိပ်ပိုင်း ခေါင်းဆောင် ၆ ယောက်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ စစ်ဆေးဖို့တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ကချင်၊ ရှမ်းနဲ့ ရခိုင် ပြည်နယ်တွေမှာ တပ်မတော်က လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကိုလည်း စုံစမ်းစစ်ဆေးသင့်တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်ရဲ့ လုပ်ရပ်တွေကို တားဆီးဖို့ ပျက်ကွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံခြားရေးက ထုတ်ပြန်တဲ့ စာထဲမှာတော့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ဆက်စပ်ကိစ္စတွေကို စုံစမ်းဖို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ၂၀၁၈ ခုနှစ် ဇူလိုင် ၃၁ ရက်က ဖွဲ့စည်းထားတယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013