DVB Logo
Home
မြန်မာသတင်း
မိုင်းတုံတွင် ဇနီးနှင့် ၁၁ လသားကို သတ်ပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံ
DVB
·
September 1, 2018
မိုင်းတုံတွင် ဇနီးနှင့် ၁၁ လသားကို သတ်ပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံ
Donate to DVB

မိုင်းတုံမြို့နယ်​ ပါခတ်ရွာမှာ ခင်​ပွန်းဖြစ်​သူက ဇနီးနဲ့ ၁၁ လအရွယ်​ သားငယ်​ကိုသတ်​​ပြီး ကိုယ်​ကိုယ်ကိုယ် သေကြောင်းကြံမှု ဖြစ်ပွားခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ရှမ်းပြည်​နယ်​အ​ရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊​ လွယ်​ခမ်းလုံ​ကျေးရွာအုပ်​စု ပါခတ်​ရွာမှာ သြဂုတ် ၃၁ ရက်နေ့ ည ၆ နာရီလောက်က ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ဖြစ်​စဉ်​မှာ ခင်​ပွန်းဖြစ်​သူ ကျသိန်းဟာ တောင်​ယာကနေ ည​နေ ၅ နာရီခွဲလောက် ပြန်လည်​​ရောက်​ရှိလာပြီးနောက် ဇနီးဖြစ်​သူ မနာ​အောတိနဲ့ စကားများစိတ်​ဆိုးပြီး ဇနီးနဲ့ ၁၁ လအရွယ်​ သားငယ်​တို့အား ဓားနဲ့ ခုတ်​သတ်​ခဲ့တာလို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦး​ကျော်​ဇင်​လတ်​က​ ပြောပါတယ်။

"ကျနော်​တို့ သတင်းရရချင်း သွား​ရောက်​တဲ့အချိန်​မှာ မိသားစုသုံး​ယောက်​လုံး အိပ်​ရာထဲမှာ ​စောင်ခြုံထားတယ်။ ​စောင်​ကလှုပ်​​နေတာနဲ့ ဆွဲလှန်​ကြည့်တော့ ကျသိန်းက အသက်​ရှင်​​နေ​သေးပြီး ငါ​ဆေးမသုံးဘူး၊ အရက်​လည်းမ​သောက်​ထားဘူး၊ စိတ်​ဆိုးလို့သတ်​ပစ်​လိုက်တာ။ ငါ့ကိုဖမ်းဆိုပြီး လက်​နှစ်​ဖက်​ထိုး​ပေးခဲ့တာ။"

မိုင်းတုံ မြို့မရဲစခန်းမှ​ ခေတ္တစခန်းမှူး ရဲအုပ်​​ဇော်​နိုင်​က "ဇနီးနဲ့သားငယ်​​လေးက လည်​ပင်းပြတ်​​နေတာ အ​ရေပြားပဲကျန်​တယ်​။ သူကိုယ်​တိုင်​လည်း လည်​ပင်းမှာ​လေးလက်​မခန့်​ ပြတ်​ရှဒဏ်​ရာတချက်​နဲ့ ဝမ်းဗိုက်​မှာ ငါးလက်​မလောက် ထိုးခွဲထားပြီး အူ​တွေလည်းထွက်​​နေတယ်​။ အသက်​ရှူနေပြီး စကားလည်း ​ပြော​နေ​သေးလို့​ ဆေးရုံကို အချိန်​မီပို့​ပေးခဲ့တာပါ" လို့ ပြောပါတယ်။

ကျသိန်းအား မိုင်းတုံမြို့မရဲစခန်းမှ ရာဇသတ်​ကြီးပုဒ်​မ ၃၀၂/၃၀၉ တို့နဲ့ အမှုဖွင့်အ​ရေးယူ​​​ထားတယ်လို့ သိရပါတယ်။

အောင်​​ဇေယျ(မိုင်းတုံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013