DVB Logo
Home
မြန်မာသတင်း
ခမောက်ကြီးတွင် ကျောင်းကြိုပို့ ဘေးတွဲဆိုယ်ကယ်နှင့် ဆီသီးတင်ကား တိုက်မိ
DVB
·
September 1, 2018
ခမောက်ကြီးတွင် ကျောင်းကြိုပို့ ဘေးတွဲဆိုယ်ကယ်နှင့် ဆီသီးတင်ကား တိုက်မိ
Donate to DVB

တနင်္သာရီတိုင်း ကော့သောင်းခရိုင်မှာ ကျောင်းကြို/ပို့ ဘေးတွဲဆိုင်ကယ်နဲ့ ယုဇနဆီအုန်းကား ယာဉ်တိုက်မှုဖြစ်ပွားခဲ့လို့ ကျောင်းသားလေးတွေ ဒဏ်ရာရရှိခဲ့ပါတယ်။

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ အေးချမ်းသာကျေးရွာအုပ်စု ၄၂ မိုင် ကျေးရွာအနီးမှာ သြဂုတ် ၃၁ ရက်နေ့ မနက်ပိုင်းက ယာဉ်တိုက်မှု ဖြစ်ခဲ့တာလို့ ခမောက်ကြီးမြို့နယ် ရဲစခန်းက ပြောပါတယ်။

ဖြစ်စဉ်မှာ သီတာစမ်းကျေးရွာမှ ကျောင်းသား/သူ ၁၆ ဦးအား ဆိုင်ကယ်ဘေးတွဲနဲ့ တင်ဆောင်ပြီး စမ်းသီတာ အမကမူလွန် ကျောင်းကို အသွား မိုင်တိုင်အမှတ်၂၂၉/၆ နဲ့ ၂၂၉/၇ အရောက်မှာ ယုဇနဆီသီးတင်ကားက နောက်ကနေ ကျော်တက်ရာကနေ ချိတ်မိလို့ ဆိုင်ကယ်ဘေးတွဲတိမ်းမှောက်ခဲ့တာဖြစ်ပြီး ဒာဏ်ရာရခဲ့တဲ့ ကျောင်းသူ/သားတွေကို ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးကုသပေးနေတယ်လို့ ဆိုပါတယ်။

“ဆေးရုံတက်နေရတဲ့ ကလေးတွေအတွက် ကျနော်တို့ ပံ့ပိုးပေးဖို့ အစီစဉ်ရှိပါတယ်။ ဒဏ်ရာနည်းနည်းကြီးတဲ့ ကလေးတွေအတွက်လည်း ဒဏ်ရာပျောက်ကင်းသွားတဲ့အထိ တာဝန်ယူပေးသွားမှာပါ” လို့ ယုဇနဆီအုန်းမှ တာဝန်ခံ ဦးထွန်းထွန်းလင်းက ပြောပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆီသီးတင်ယာဉ်မောင်းနှင်သူ ကို ခမောက်ကြီးရဲစခန်းက ယာဉ်ပ/၆ ပုဒ်မ၃၃၇/၃၃၈ ယာဉ်ကို ပေါ့ဆစွာမဆင်မခြင်မောင်းနှင်မှုနဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ ခမောက်ကြီးရဲစခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

လတ်ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013