DVB Logo
Home
မြန်မာသတင်း
ရေကြီးမှုကြောင့် တောင်ငူမြို့ပေါ် ကယ်ဆယ်ရေးစခန်း ၃၅ ခု ဖွင့်ထား
DVB
·
August 31, 2018
ရေကြီးမှုကြောင့် တောင်ငူမြို့ပေါ် ကယ်ဆယ်ရေးစခန်း ၃၅ ခု ဖွင့်ထား
Donate to DVB

စစ်တောင်းမြစ်ရေလျှံမှုကြောင့် တောင်ငူမြို့ပေါ်မှာ ကယ်ဆယ်ရေးစခန်း ၃၅ ခု ဖွင့်လှစ်ထားရပြီး  လူပေါင်း ၂ သောင်းကျော် သွားရောက်ခိုလှုံနေတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

စစ်တောင်းမြစ်ရေလျှံမှုကြောင့် သြဂုတ်လ ၃၀ ရက်နေ့ မနက်ပိုင်းကလည်း တောင်ငူမြို့ အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာဖြစ်ပြီး မြို့ပေါ်ရပ်ကွက် ၂၃ ခုထဲက ၁၀ ခု ရေနစ်မြုပ်နေတာပါ။

ဒါ့အပြင် တောင်ငူမြို့နယ် အနီးနားတဝိုက်က ကျေးရွာတွေလည်း ရေကြီးရေလျှံနေပြီး တောင်ငူ သံတောင်သွားလမ်း ၄ မိုင်မှာ အဆိုးဆုံး အနေအထား ဖြစ်ခဲ့တယ်လို့ ကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ ကိုစိုးထိုက်က ပြောပါတယ်။

“ရေနစ်နေတဲ့ဒေသက ပြည်သူတွေက ကယ်ဆယ်ရေးစခန်းကို တော်တော်များများ ရောက်သွားပါပြီ။ အခုရေက ၂ ပေလောက် ပြန်ကျသွားပြီ။ ဒီဆွာတမံထဲက ရေက တော်တော်များများ ကျသွားပြီ။ ဒီရေလုံးက ဆွာချောင်းကနေပြီးတော့ စစ်တောင်းမြစ်ထဲကို ဝင်တယ်။  စစ်တောင်းမြစ်ကနေ ကြီးတာဆိုတော့ စစ်တောင်းမြစ်တလျှောက် စိုးရိမ်ရတယ်လေ။”

ဒ့ါ့အပြင် စစ်တောင်းမြစ်တလျှောက် နေတဲ့ ကျေးရွာတွေ နဲ့ မြို့တွေ ဖြစ်တဲ့ ရွှေကျင်၊ ဒိုက်ဦး၊ ဝေါ အစရှိတဲ့ မြို့တွေ သတိထားဖို့လည်း သတိပေးထားပါတယ်။

လက်ရှိမှာလည်း တောင်ငူမြို့အပြင် သံတောင်ကြီး သွားတဲ့လမ်းလည်း ရေကြီးမှုကြောင့် ခေတ္တပိတ်ထားရပြီး မနေ့ကဆိုရင် ၄ မိုင်မှာ အဆိုးဆုံး အခြေအနေ ကြုံတွေ့ခဲ့ရတယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013