DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာအရေး သမ္မတ သဘောထားကို ထောက်ခံဆန္ဒပြ
DVB
·
August 3, 2012
ရိုဟင်ဂျာအရေး သမ္မတ သဘောထားကို ထောက်ခံဆန္ဒပြ
Donate to DVB

ရန်ကုန်မြို့မှာ ဒီနေ့ခင်းပိုင်းက ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး သမ္မတဦးသိန်းစိန်ရဲ့ ရပ်တည်ချက်အပေါ် ထောက်ခံဆန္ဒပြခဲ့ကြပါတယ်။

မြေနီကုန်းအနီး ပြည်လမ်းမပေါ်မှာရှိတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ) ရှေ့မှာ လူငယ် ၁၅ ဦးလောက်က ဆန္ဒ ပြခဲ့ကြတာပါ။

မြန်မာနိုင်ငံ ရိုဟင်ဂျာ အရေးအား ပြတ်သား ရဲရင့်စွာ ပြောပြခဲ့သော သမ္မတကြီး ဦးသိန်းစိန်၏ သဘောထားအား တစ်ခဲနက် ထောက် ခံပါသည်"  ဆိုတဲ့ သမ္မတ ဦးသိန်းစိန်ပုံပါ စာတန်း ပိုစတာတွေကို ကိုင်ဆောင်ပြီး လူငယ်တွေ ဆန္ဒပြကြတယ်လို့ သတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။

“ပြည်ထောင်စုသမ္မတ ဦးသိန်းစိန်ရဲ့ ရိုဟင်ဂျာအရေး ပြောကြားချက်ကို ထောက်ခံတယ်။ နောက်တချက်က ယူအန်အိပ်ခ်ျစီအာ မဟာမင်းကြီးပြောကြားခဲ့တဲ့ ရိုဟင်ဂျာများနဲ့ ယှဉ်တွဲနေထိုင်ခြင်းကို ကန့်ကွက်ရှုတ်ချတယ်။ ရိုဟင်ဂျာက တိုင်းရင်းသားမဟုတ်ဘူး။ နောက်တခုက ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မြန်မာလူမျိုးတိုင်းရင်းသားတွေကို ဖိအားပေး ပြောကြားနေတဲ့ အဖွဲ့အစည်းကိုလည်း ဆန့်ကျင်ရှုတ်ချတယ်။ မြန်မာအစိုးရ အနေနဲ့ရော၊ တပ်မတော် အနေနဲ့ရော၊ မြန်မာနိုင်ငံသား အနေနဲ့ရော ရိုဟင်ဂျာအရေးကို အမျိုးသားရေးစိတ်ဓာတ်နဲ့ ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်ပါလို့ တိုက်တွန်းတဲ့ စာရွက်တွေလည်း ဝေသွားတယ်ဗျ။”

ဆန္ဒပြသူတွေက “ရိုဟင်ဂျာသည်တိုင်းရင်းသားမဟုတ်၊ ရိုဟင်ဂျာကို တိုင်းရင်းသားလို့ ပြောသူများ အလိုမရှိ” စတဲ့ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာနဲ့ မိနစ် ၃၀ လောက် ကြွေးကြော်ခဲ့ပြီး ပိုစတာ ကြေညာချက်တွေကို ယူအန်အိပ်ခ်ျစီအာရုံးကို ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်ကို သမ္မတက စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းလေ့လာပြီးတဲ့နောက် ရိုဟင်ဂျာလူမျိုးတွေကို ဒုက္ခသည်စခန်းတွင်း သွင်းပြီး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကို လွဲပြောင်းပေးမယ်လို့ ပြောဆိုခဲ့တာပါ။

ဒီဆန္ဒပြပွဲဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တာနားကိုယ်တိုင် ရခိုင်ပြည်နယ်အခြေအနေကို သွားရောက်လေ့လာချိန်နဲ့ တိုက်ဆိုင်နေသလို ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နဲ့ အဖွဲ့ ရခိုင်ပြည်နယ်ကို သွားရောက်နေချိန်လည်း ဖြစ်ပါတယ်။

ဒီဆန္ဒပြပွဲကို သွားရောက်လူစုခွဲခဲ့တဲ့ စမ်းချောင်းမြို့နယ် ရဲစခန်းမှူးက “ခွင့်ပြုချက်ကတော့  ငြိမ်းချမ်းစွာ စုဝေးခွင့်၊ ငြိမ်းချမ်းစွာ လှည့်လည်ခွင့်၊ ၅ ရက်ပေါ့။ ဒါပေမယ့် ၅ ရက်ကို ကြိုမတင်ဘဲနဲ့ ၄ ရက်ကြိုတင်တော့ ကျနော်တို့က ခွင့်ပြုလို့ မရဘူး။ သတ်မှတ်ထားတဲ့ နည်းဥပဒေနဲ့အညီ ဆောင်ရွက်ရင်တော့ ကျနော်တို့ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်လည်း ရတယ်။ စုဝေးခွင့်လည်း ရတယ်။ လောလောဆယ်တော့ အခုဆောင်ရွက်တာက ဥပဒေနဲ့ မညီဘူး ဖြစ်နေတာပေါ့။ အဲဒါကြောင့်မို့ အားလုံးပဲ အေးအေးဆေးဆေး ပြန်ကြပါလို့ ကျေးဇူးတင်ပါတယ်။”

ဆန္ဒပြခွင့်ပြုဖို့ ဩဂုတ် ၁ ရက်နေ့က လျှောက်ထားပေမယ့် မရတဲ့အတွက် အခုလို ဆန္ဒပြတာလို့ ကာယကံရှင်လူငယ်တွေက ပြောပါတယ်။

ဆန္ဒပြပွဲအနီးမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရှိနေပေမယ့် တားမြစ်တာတော့ မရှိပါဘူးလို့ ဆိုပါတယ်။

[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/unhcr/]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013