DVB Logo
Home
မြန်မာသတင်း
ရိဒ် - ကလေး ကားလမ်းဆိုးရွားမှုကြောင့် ခရီးသည်တင်ယာဉ်များ အဆင်မပြေ ဖြစ်နေ
DVB
·
August 31, 2018
ရိဒ် - ကလေး ကားလမ်းဆိုးရွားမှုကြောင့် ခရီးသည်တင်ယာဉ်များ အဆင်မပြေ ဖြစ်နေ
Donate to DVB

ကလေးမြို့နဲ့ ချင်းပြည်နယ်၊ ရိခေါရ်ဒါမြို့ကို မောင်းနှင်နေတဲ့ ယာဉ်ငယ်လိုင်းတွေအနေနဲ့ မိုးရာသီ တောင်ပေါ်လမ်းတွေ အခြေအနေဆိုးဝါးတာကြောင့် ခရီးသည်ရရှိမှု နည်းနေပြီး အဆင်မပြေ ဖြစ်နေတယ်လို့ ရိဒ်ကလေး ယာဉ်ငယ်အသင်းက ပြည်အားမာန် ဂိတ်မှူး ဦးစောက ပြောပါတယ်။

"ခရီးသည်ကားတွေက တစ်စီးကို လူ ၁၀ ယောက်ကနေ ၁၃ ယောက်စီးကားတွေ။ ဒါပေမယ့် ခု ရာသီလမ်းဆိုးတော့ တစီးကို လူသုံးလေးယောက်လောက်နဲ့ ထွက်နေရတယ်။ ကုန်ကတော့ တရုတ်ထုတ် မုန့်ဖာ အနည်းငယ်ပဲ ရတယ်။"

ကလေးနဲ့ ရိခေါရ်ဒါ ကားဂိတ်ကို ပြီးခဲ့တဲ့ ၂၀၁၆ နှစ်ကုန်ပိုင်းမှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အခုလို မိုးကာလမှာတော့ လမ်းပန်းခက်ခဲမှုကြောင့် ကုန်ရော လူပါ ရှားပါးနေပါတယ်။

ကုန်ကားယာဉ်မောင်းတဦးက "လမ်းပိုင်က ကလေးနဲ့ တီးတိန်ကြား သိပ်မဆိုးဘူး။ ဒါပေမယ့် တီးတိန်နဲ့ ရိဒ်ကြားကတော့ အတက်အဆင်းဖြစ်ပြီး လမ်းဆိုးတယ်။ အန္တရာယ်လည်း များတယ်။ ဒီလမ်းကောင်းရင်တော့ မိုင် ၃၀ ပဲ ဝေးတာဆိုတော့ ခဏပဲ မောင်းရတယ်" လို့ ပြောပါတယ်။

ရိဒ်ခေါရ်ဒါမြို့ကို ကလေးကနေ အဓိက တရုတ်ထုတ်မုန့်မျိုးစုံ ပို့ဆောင်တာဖြစ်ပြီး ကွမ်းသီးရာသီမှာတော့ ဟိုင်မွာလ်ဂျစ်လို့ ခေါ်တဲ့ ဂျစ်ကားတွေနဲ့ အဓိက ပို့ဆောင်နေရတာပါ။

အခုရာသီမှာတော့ လမ်းဆိုးတာကြောင့် အလေးကုန်တွေကို သယ်ဆောင်တာ ရပ်နားထားပါတယ်။ ရိဒ်ခေါရ်ဒါဟာ အိန္ဒိယနယ်စပ်မှာ ရှိပြီး လူစီးယာဉ်တွေအနေနဲ့ အပြန်ကုန်မရှိဘဲ  ခရီးသည် သီးသန့်နဲ့သာ ပြေးဆွဲနေရပါတယ်။

နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာတော့ ခရစ္စမတ်ရာသီ ဖြစ်တာကြောင့် ခရီးသည် များပြားတယ်လို့ ဦးစောက ပြောပါတယ်။

လက်ရှိမှာတော့ ကလေးနဲ့ ရိဒ်ကို ယာဉ်ငယ် ၁၃ ဂိတ်က ယာဉ်တွေ အခက်အခဲနဲ့ နေ့စဉ် ပြေးဆွဲနေပါတယ်။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013