DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေးရထား ပုံမှန်ပြန်ပြေး၊ ဆွာနှင့် ရေတာရှည်ဘူတာအကြား ခရီးသည်များ ကားဖြင့် ပို့မည်
DVB
·
August 31, 2018
ရန်ကုန်-မန္တလေးရထား ပုံမှန်ပြန်ပြေး၊ ဆွာနှင့် ရေတာရှည်ဘူတာအကြား ခရီးသည်များ ကားဖြင့် ပို့မည်
Donate to DVB

ရန်ကုန်-မန္တလေး အစုန်အဆန်ရထားတွေကို သြဂုတ် ၃၁ ရက်မှာ ပုံမှန် ပြန်လည်ပြေးဆွဲမယ်လို့ မြန်မာ့မီးရထားက  ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

အစုန်အဆန်အမြန်ရထားတွေကို ရထားလမ်းပိုင်း ပျက်စီးနေတဲ့ ဆွာဘူတာနဲ့ ရေတာရှည်ဘူတာကြားမှာ မော်တော်ကားနဲ့ ခရီးသည်ကူးပြောင်းခြင်း လုပ်ပေးမှာ ဖြစ်ပါတယ်။

ရန်ကုန်-တောင်ငူကြား လမ်းဘူတာတွေက ခရီးသွားပြည်သူတွေ သွားလာမှု အဆင်ပြေစေရေးအတွက် အဆန်အထူးရထားကို အမှတ် ၇ အဆန်ရထားအချိန်စာရင်းအတိုင်း ထွက်ခွာပေးမယ်။

လမ်းခရီးမှာ ၃အဆန် ၃၁ အဆန် ၇ အဆန် ရပ်တန့်တဲ့ ဘူတာများမှာ ရပ်တန့်ပေးမယ်။ အစုန်အထူးရထားကို သြဂုတ် ၃၁ ရက်မှာ တောင်ငူကနေ ရန်ကုန်ကို ၃၂ အစုန်ရထား အချိန်စာရင်းအတိုင်း ပြေးဆွဲပေးမယ်။

လမ်းခရီးမှာ ၃၂ အစုန် ၈ အစုန် ၄ အစုန်အမြန်ရထားများ ရပ်တန့်တဲ့ ဘူတာတွေမှာ  ရပ်တန့်ပေးသွားမယ်လို့ မီးရထားရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အရင် နေပြည်တော်-မော်လမြိုင် ပြေးဆွဲပေးနေတဲ့ လူစီးရထားကိုလည်း သြဂုတ် ၃၁ ရက်မှာ တောင်ငူ-မော်လမြိုင်ခရီးစဉ်အဖြစ် ယာယီပြောင်းလဲပြီး အစုန်/အဆန် ၁ ရက်ခြား ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။

သြဂုတ် ၂၉ ရက်က ပဲခူးတိုင်း၊ ဆွာချောင်းရေလှောင်တမံ ကျိုးကျခဲ့တာကြောင့် ဆွာနဲ့ ရေတာရှည်ကြား အထူးသဖြင့် ဆွာနဲ့ ကုန်ကြီးကြား ရထားလမ်းပိုင်းတွေ အကြီးအကျယ် ပျက်စီးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013