DVB Logo
Home
မြန်မာသတင်း
လွတ်​လပ်​​သော စုံစမ်းစစ်​​​ဆေး​ရေး​ကော်​မရှင်​ မောင်​​တောသို့ သွား​ရောက်
DVB
·
August 31, 2018
လွတ်​လပ်​​သော စုံစမ်းစစ်​​​ဆေး​ရေး​ကော်​မရှင်​ မောင်​​တောသို့ သွား​ရောက်
1 / 2
Donate to DVB

လွတ်​လပ်​​သောစုံစမ်းစစ်​​ဆေး​ရေး​ကော်​မရှင်​ဟာ ဒီက​နေ့ မနက်​ ရခိုင်​ပြည်​နယ်​ စစ်​​တွေ​လေဆိပ်​ကို ​ရောက်​ရှိလာပြီး အကြမ်းဖက်​မှု​တွေဖြစ်​​ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ်၊ ​မောင်​​တော​ဒေသကို ရဟတ်ယာဉ်​နဲ့ ထွက်​ခွာသွားကြပါတယ်​။

လွတ်​လပ်​တဲ့ စုံစမ်းစစ်​​ရေး​ကော်​မရှင်​ဟာ Golden Myanmar ​လေ​ကြောင်းနဲ့ စစ်​​တွေ​လေဆိပ်​ကို ​ရောက်​ရှိလာတာဖြစ်​ပြီး မောင်​​တောကို ထွက်​ခွာသွားကြတာဖြစ်​ပါတယ်​။

ဒီခရီးစဉ်​မှာ လွတ်​လပ်​တဲ့ စုံစမ်းစစ်​​ဆေး​ရေး​ကော်​မရှင်​ဥက္ကဋ္ဌ ဖိလစ်ပိုင်သံအမတ်ကြီး ရိုဆာရီယိုမယ်နာလို၊ အဖွဲ့ဝင်​ ဂျပန်သံအမတ်ကြီး ကင်ဇိုအိုရှီးမားတို့ နဲ့အတူ UEHRD ညွှန်​ကြား​ရေးမှူးချုပ်​ ​ဒေါက်​တာ​ အောင်​ထွန်း​သက်​၊ လူကယ်​ပြန်​ဒုဝန်​ကြီး ဦးစိုး​အောင်​တို့လိုက်​ပါလာတယ်​။

လွတ်​လပ်​တဲ့ စုံစမ်းစစ်​​ရေး​ကော်​မရှင်​ဟာ​ အကြမ်းဖက်​မှု​တွေဖြစ်​​ပေါ်ခဲ့တဲ့ ​မောင်​​တောမြို့နယ်​ ငခူးရ၊ ကိုင်းကြီး မြိုရွာ၊ ရဲ​ဘော်​ကျဟိန္ဒူ​ကျေးရွာ၊ စတဲ့​နေရာ​တွေကို ​သွား​ရောက်​​​တွေ့ဆုံမှာ ဖြစ်​ပါတယ်​။

လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ သံအမတ်ကြီး ရိုဆာရီယိုမယ်နာလိုနဲ့ အဖွဲ့ဝင်တွေဟာ မနေ့ကလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံခဲ့ပါတယ်။

မြန်မာ့တပ်မတော်အနေနဲ့  စုံစမ်းစစ်ဆေးရေးကော်မရှင်နဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မယ်လို့ ဒုတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားထားပါတယ်။

သတင်း၊ ဓာတ်​ပုံ- ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013