DVB Logo
Home
မြန်မာသတင်း
အင်တာဗျူး ဖြေဆိုသည့် မြန်မာအလုပ်သမားအချို့ကို လာအိုရဲ ဖမ်းဆီး
DVB
·
August 31, 2018
အင်တာဗျူး ဖြေဆိုသည့် မြန်မာအလုပ်သမားအချို့ကို လာအိုရဲ ဖမ်းဆီး
Donate to DVB

လာအိုနိုင်ငံအတွင်းက မြန်မာအလုပ်သမား ၄၀၀ ကျော် ဖမ်းဆီးခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သတင်းထောက်ကို အင်တာဗျူးဖြေဆိုခဲ့တဲ့ အလုပ်သမားတချို့ကို လာအိုရဲတွေက သြဂုတ် ၃၀ ရက် နေ့လယ်ပိုင်းမှာ ထပ်မံဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးရတဲ့ အကြောင်းကတော့ လာအိုနိုင်ငံထဲ သတင်းသွားယူတဲ့ ဒီဗွီဘီ သတင်းထောက်ကို အင်တာဗျူး ဖြေဆိုခဲ့တဲ့အတွက် လာအိုရဲက စစ်ဆေးဖို့ နေ့လယ်ပိုင်းက ခေါ်ဆောင်သွားခဲ့ပြီး အချုပ်ထဲ ဖမ်းဆီးခဲ့တာလို့ လာအိုနိုင်ငံအတွင်းက မြန်မာအလုပ်သမားတဦးက ပြောပါတယ်။

"အစ်ကိုတို့ကို အင်တာဗျူးဖြေပေးတဲ့ လူ လေးငါးယောက်လောက်ကို နေ့လယ်က လာခေါ်သွားတာ။ အခုညအချိန်ထိ ပြန်မလွှတ်သေးလို့ လိုက်စုံစမ်းတော့ အချုပ်ထဲ ထည့်ထားတယ်လို့ ပြောတယ်။ လာခေါ်တုန်းက လာအိုစကား ဘာသာပြန်ပေးတဲ့ အမျိုးသမီးက တဆင့်လာခေါ်သွားတာ၊ ဖမ်းခံထားရတဲ့အထဲမှာ တရားဝင်နေထိုင်ခွင့်ကတ်ပါတဲ့ သူလည်း ပါတယ်" လို့ ပြောပါတယ်။

အလုပ်သမား ၄၀၀ ကျော် ဖမ်းဆီးခံရတဲ့နေ့မှာ Facebook Live လွှင့်တဲ့အတွက် ဖုန်းသိမ်းခံထားရတဲ့သူလည်း ပါဝင်ပြီး ဖုန်းပြန်ပေးမယ်ဆိုကာ ခေါ်ဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ်။

လာအိုနိုင်ငံအတွင်းက မြန်မာအလုပ်သမားတွေကို ဖမ်းဆီးချုပ်နှောင်တဲ့အခါ တရားမဝင် နေထိုင်မှုနဲ့ ဖမ်းဆီးတာတွေအပြင် ဥပဒေမဲ့ ခေါ်ယူစစ်ဆေးပြီး အချုပ်ခန်းထဲ ရိုက်နှက်နှိပ်စက်ပြီး အစာမကျွေးဘဲ ထားတာတွေလည်း ရှိတယ်လို့ ပြောပါတယ်။

လာအိုနိုင်ငံ China Town ကာစီနိုထဲ သတင်းသွားယူတဲ့ သတင်းထောက် မပြန်ခင်မှာ လာအိုရဲတွေက အင်တာဗျူးဖြေတဲ့သူတွေကို ခေါ်ယူစစ်ဆေးမယ်လို့ သတင်းကြားတဲ့အတွက် သတင်းပေးသူတွေက ကြောက်ရွံ့နေတာတွေလည်း ရှိပါတယ်။

ကိုဇက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013