DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
August 30, 2018
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ငွေကျပ် ၄၃,၆၅၀  ပေါက်ဈေးရှိပြီး တအိတ်ကို ငွေကျပ် ၇၅၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၃၈,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၆,၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၂,၈၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တအိတ်ကို ငွေကျပ် ၄၂,၆၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၁၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ပဲစင်းငုံနီ အဟောင်း  တအိတ်ကို ၃၉,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၀,၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲမရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၂,၆၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲကြီး
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲကြီး(ကုန်း၊ ရွှေကျွန်း)က ၅၅.၂၅ ပိဿာဝင် တအိတ်ကို ၁၃၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၆၁,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၄,၃၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၁၁၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၅၀,၀၀၀ ပေါက်ဈေးရှိပြီး မနေ့က ဈေးအတိုင်း ပြောင်းလဲမှုမရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၁၁,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကုလားပဲ v2
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ v2 က ၅၇.၂၅ပိဿာဝင် တအိတ်ကို ၇၉,၀၀၀ ကျပ်ကနေ ငွေကျပ် ၈၀,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၈၀,၁၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၁၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စားအုန်းဆီ
မန္တလေး ကုန်စည်ဒိုင်မှာ စားအုန်းဆီက တပိဿာကို ၂,၀၀၀ ကျပ်ကနေ ၂,၀၂၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၂,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၂၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ကြက်သွန်နီ
ပခုက္ကူကုန်စည်ဒိုင်မှာတော့ ကြက်သွန်နီက တပိဿာကို ၂၅ ကျပ် ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးက တပိဿာကို ၅၀၀ ကျပ်ကနေ ၅၇၅ ကျပ် ရှိပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၄၂၅ ကျပ်ကနေ ၅၅၀ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၁၅ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူနဲ့ မြင်းခြံကုန်စည်ဒိုင် တပိဿာကို ၂၅ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံတွေထဲက မတ်ပဲနဲ့ ပဲစင်းငုံနီကတော့ ဒီတပတ်မှာ ဈေးတက်လာခဲ့ပါတယ်။ ပြည်တွင်း အဝယ်များလာပြီး တရုတ်ကလည်း ဝယ်ယူမှုတွေ ရှိလာတဲ့အတွက် ဈေးကတက်လာခဲ့သလို ငွေလဲနှုန်းဈေး မြင့်တက်လာခဲ့တဲ့အတွက်လည်း ပဲဈေးက မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

နောက်သီးနှံတခုကတော့ ကြက်သွန်နီ ဈေးပဲ ဖြစ်ပါတယ်။ ပြည်တွင်း ဝယ်ယူမှု များလာတဲ့အတွက် ဈေးတက်လာခဲ့သလို ငွေလဲနှုန်းဈေး မြင့်တက်ခဲ့တဲ့အတွက် အခြေခံကုန်စည်ဈေးနှုန်းတွေကလည်း မြင့်တက်လာခဲ့ပါတယ်။ ထို့ပြင် ယခုရက်ပိုင်း မိုးအဆမတန် ရွာသွန်းတာတွေကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်ကြောင့် ဈေးက တက်လာတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013