DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်တွင် တရားမ၀င်  မြန်မာမိန်းကလေး ၈ ဦး ဖမ်းဆီးခံရ
DVB
·
August 30, 2018
ချင်းမိုင်တွင် တရားမ၀င်  မြန်မာမိန်းကလေး ၈ ဦး ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ  ယမန်နေ့က တရားမ၀င်အလုပ်သမားစစ်ဆေးရေးအဖွဲ့က ပါဒက်ရပ်ကွက်ရှိ ခွေးသားဖောက်လုပ်ငန်းလုပ်ကိုင်တဲ့ နေအိမ်တအိမ်ကို ၀င်ရောက်စစ်ဆေးရာမှာ  အထောက်အထားမဲ့ မြန်မာ မိန်းကလေး ၈ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

ချင်းမိုင်ခရိုင်အလုပ်သမားရုံးနဲ့ လ၀ကရုံးက တာဝန်ရှိသူတွေဟာ ရွှေ့ပြောင်းအလုပ်သမား ငှားရမ်းခန့်ထားတဲ့ နေအိမ်တွေကို စာရင်းအရ လိုက်လံစစ်ဆေးစဉ် အလှမွေး ခွေးသား ဖောက်လုပ်ငန်း လုပ်ကိုင်နေတဲ့ အိမ်တလုံးကို ရောက်ရှိသွားကြောင်း၊ ချက်ချင်း တံခါး လာမဖွင့်သေးလို့ တာဝန်ရှိသူတွေက အိမ်ရှေ့မှာ စောင့်ဆိုင်းနေစဉ် အိမ်နောက်ဘက်ခြံစည်းရိုး ကနေ လူတွေ ခုန်ကျော်ထွက်ပြေးနေကြောင်း ဘေးအိမ်က တီးတိုးပြောပြခဲ့တယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက အိမ်ကြီးရဲ့အနောက်ဘက်ကို သွားကြည့်ရာမှာတော့ မိန်းကလေး တချို့ အိမ်ရဲ့အုတ်နံရံကို ကျော်ပြီး ရေချောင်းကိုဖြတ်ကူးနေတာတွေ့လို့ လိုက်လံဖမ်းဆီးရာမှာ တချို့ထွက်ပြေးလွတ်မြောက်သွားပြီး ၈ ဦးကိုသာ ဖမ်းဆီးရမိတယ်လို့  တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ မိန်းကလေးတွေဟာ မြန်မာနိုင်ငံသားတွေဖြစ်ကြပြီး အသက်အငယ်ဆုံး ၁၅ နှစ် မှ ၃၀ နှစ်ထိရှိပါတယ်။

သူတို့ဟာ ပွဲစားကနေတဆင့် တရားမ၀င်နယ်စပ်ပေါက်ကနေ ၀င်လာကြောင်း၊ ပွဲစားခ တဦးကို ဘတ်ငွေ ၄၅၀၀ စီ ပေးရပြီး ပွဲစားက သူတို့ကို ကားနောက်ခန်းမှာ လဲလျောင်းစေကာ မိုးကာနဲ့ဖုံးပြီး အပေါ်ကနေ ကြက်တွေနဲ့အတူ တင်ဆောင်လာတာလို့ ချင်းမိုင်အလုပ်သမားရုံး အရာရှိ  နန်းဆောင်ဖောထိုင်းဆ၀ဒီးကဆိုပါတယ်။

သူတို့ဟာ တရားမ၀င် အလုပ်လုပ်မှု၊ ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်မှုတွေနဲ့ အရေးယူခံရမှာဖြစ်ပြီး လက်ခံထားတဲ့ အိမ်ရှင်ပါ အရေးယူခံရမယ်လို့ အလုပ်သမားအရာရှိက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013