
တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် နိုင်ငံက လူတွေအတွက် အကျိုးအမြတ်တွေ အများကြီး ရရှိပါတယ်၊ ဒါပေမယ့် အားစမ်း စိန်ခေါ်ချက်တွေလည်း ရှိပါတယ်။ အခုဆိုရင် တရုတ်မှာ အဆီပိုများတဲ့ အသင့်စား အစားအသောက်တွေ အစားများလာစေပြီး လတ်ဆတ်မှုအားနည်းတဲ့ အစားအသောက်တွေနဲ့ အတူ ကလေးတွေကလည်း ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်မှု နည်းပါးလာပါတယ်။ ရလဒ်ကတော့ အ၀လွန်ရောဂါ ပျံ့နှံ့နေတာပါပဲ။ ဆီးချိုရောဂါ ရှိနေတဲ့ တရုတ် ဆယ်ကျော်သက် အရေအတွက်ဟာ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ သူတို့လို သက်တူရွယ်တူတွေထက် ၄ ဆ နီးပါးလောက် ပိုများနေတယ်လို့ လေ့လာတွေ့ရှိချက် အသစ်တရပ်က ထင်ထင်ရှားရှား ပြနေပါတယ်။
ဒီအကြောင်းကို ရေဒီယို သြစတေးလျ အစီအစဉ်မှ Stephen McDonell က သတင်းပေးပို့ထား ပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါပြီ။











