DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တက္ကသိုလ်ကို အဆင့်မြင့်ပညာရေး၏ စံပြဖြစ်စေလို
DVB
·
August 30, 2018
ရန်ကုန်တက္ကသိုလ်ကို အဆင့်မြင့်ပညာရေး၏ စံပြဖြစ်စေလို
Donate to DVB

ရန်ကုန်တက္ကသိုလ်ဟာ မြန်မာနိုင်ငံရဲ့  အဓိက အကျဆုံး တက္ကသိုလ်ဖြစ်ပြီး အဆင့်မြင့်ပညာရေးမှာ စံပြဖြစ်ဖို့ လိုအပ်တယ်လို့  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ရန်ကုန်တက္ကသိုလ်မှာ သြဂုတ် ၂၉ရက်က ကျင်းပတဲ့ ရန်ကုန်တက္ကသိုလ် (ပင်မ)ပြုပြင်မွမ်းမံရေးနဲ့ အဆင့်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြောသွားတာလို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပါတယ်။

ရန်ကုန်တက္ကသိုလ်မှာ  LAW နဲ့ Water ပညာရပ်တွေ လေ့လာရေးကို အလေးထား စေလိုကြောင်း၊ သုတေသနယဉ်ကျေးမှုကို တက္ကသိုလ်အဆင့်ရောက်မှ မဟုတ်ဘဲ ကျောင်း အဆင့်က စပြုလုပ်စေလိုကြောင်းနဲ့ Team Research ပြုလုပ်ဖို့ ကျောင်းသားကျောင်းသူတွေက ပိုမို စိတ်ဝင်စားကြောင်းပြောပါတယ်။

Water Studies နဲ့ ပတ်သက်လို့ ဘာသာရပ်တွေ အဓိကပေါင်းစပ်လုပ်ကိုင် စေလိုကြောင်း၊ မြန်မာ နိုင်ငံမှာ ချောင်း၊ မြစ်၊ ကန် ပင်လယ်ကမ်းခြေတွေ ပေါများလို့  ယနေ့ ခေတ်လိုအပ်နေတဲ့ ရာသီဥတုအပြောင်းအလဲနဲ့အတူ ဒီ ဘာသာရပ်ကို အလေးထားခြင်း ဖြစ်ကြောင်း။ သုတေသနနယ်ပယ်မှာ အထူးနယ်ပယ်ကို Water studies အဖြစ် ရယူထားပါက နိုင်ငံတကာမှ ကျောင်းသားတွေ မြန်မာပြည်ကို လာရောက်သုတေသနပြုနိုင်မယ်လို့ ပြောပါတယ်။

ဒါ့အပြင် အဆင့်မြင့်ပညာရေးကဏ္ဍမှာ ယောက်ျားလေးဦးရေနည်းပါးနေလို့ စီမံကိန်းတွေ ချမှတ်လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ယောက်ျားလေးတွေ ထူးချွန်ပြောင်မြောက်အောင်၊ အဆင့်မြင့်ပညာ သင်ယူချင်အောင် သင်ရိုးတွေကို ထည့်သွင်းရေးဆွဲဖို့  ရန်ကုန်တက္ကသိုလ်ကြီး ကိုလည်း တိုးတက်စေဖို့နဲ့ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကိုလည်း တတ်နိုင်သမျှ ပံ့ပိုးပေးသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

တက္ကသိုလ်တာဝန်ရှိသူတွေကတော့ ဟန်ဂေရီနိုင်ငံ Central European University မှ ပညာရှင်တွေနဲ့ ညှိနှိုင်းဆွေးနွေးနေမှု၊ ၂၀၂၀ ပြည့်နှစ်မှာ ရန်ကုန် တက္ကသိုလ် နှစ် ၁၀၀ ပြည့်ပွဲတော်အမီ ဆောင်ရွက်မယ့်ကိစ္စတွေ ရှင်းလင်းတင်ပြခဲ့ကြပါတယ်။

ဒီအစည်းအဝေးကို ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုပါမောက္ခချုပ်၊ ရန်ကုန်တက္ကသိုလ် ပြုပြင်မွမ်းမံရေးနဲ့  အဆင့်မြှင့်တင်ရေးကော်မတီအဖွဲ့ဝင်တွေ တက်ရောက် ခဲ့ကြပါတယ်။

ဓာတ်ပုံ- State Counsellor

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013