DVB Logo
Home
မြန်မာသတင်း
ပဲခူးတိုင်းတွင် ရေကြီးရေလျှံ၍ စာသင်ကျောင်း ၄၀ ခန့် ခေတ္တပိတ်
DVB
·
August 30, 2018
ပဲခူးတိုင်းတွင် ရေကြီးရေလျှံ၍ စာသင်ကျောင်း ၄၀ ခန့် ခေတ္တပိတ်
Donate to DVB

ပဲခူးတိုင်းဒေသကြီးအတွင်း သြဂုတ် ၂၉ ရက်နေ့က မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားလို့ မြို့နယ် ၄ ခုက စာသင်ကျောင်း ၄၀ လောက် ခေတ္တပိတ်ထားရတယ်။

မင်းလှမြို့နယ်မှာ မိုးရွာသွန်းမှုကြောင့် အမှတ် ၆ ရပ်ကွက်ပါ ၂ ခုနဲ့ သရက်တပင်ကျေးရွာတို့မှာ ရေအနက် ၁/၁ ပေခွဲလောက် ဝင်ရောက်နေလို့ စာသင်ကျောင်း ၄ ကျောင်း ခေတ္တပိတ်ထားရတယ်လို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။

အလားတူ ကျောက်ကြီးမြို့နယ်အတွင်းမှာလည်း မိုးရွာသွန်းမှုကြောင့် ပဲခူးရပ်ကွက်မှာ ရေအနက် ၂ ပေလောက် ဝင်ရောက်နေလို့ အိမ်ထောင်စု ၄ စု၊ လူဦးရေ ၁၉ ဦး (ကျား ၁၀၊ မ ၉) တို့မှာ မြို့တွင်းဘုန်းကြီးကျောင်းကို ပြောင်းရွှေ့နေထိုင်နေကြရပါတယ်။

အုတ်တွင်းမြို့နယ်အတွင်းမှာလည်း စစ်တောင်းမြစ်ရေ ဝင်ရောက်မှုကြောင့် ဇီးဖြူသောင်ကျေးရွာပါ ၂၇ ရွာမှာ ရေအနက် ၁/၂ ပေလောက် ဝင်ရောက်နေလို့ စာသင်ကျောင်း ၂၇ ကျောင်း ခေတ္တပိတ်ထားရတယ်လို့ သိရပါတယ်။

အုတ်ဖိုမြို့နယ်အတွင်းမှာလည်း မိုးရွာသွန်းမှုကြောင့် မြို့မရပ်ကွက်နဲ့ ဆင်ဂေါင်းကျေးရွာပါ ၆ ရွာမှာ ရေအနက် ၁/၂ ပေလောက် ဝင်ရောက်နေလို့ စာသင်ကျောင်း ၇ ကျောင်း ခေတ္တပိတ်ထားခဲ့ရပါတယ်။

သြဂုတ် ၂၉ ရက်နေ့ ညနေ ၄ နာရီခွဲမှာလည်း မြို့မရပ်ကွက်ရှိ အ.ထ.က (အုတ်ဖို ဝင်းအတွင်း ကျောင်းသားတဦးဖြစ်တဲ့ မောင်ဖိုးသား (ခ) ဥက္ကာဇင်ဝိုင်း(၁၅)နှစ်ဟာ ရေအနက် ၁ ပေလောက် ဝင်ရောက်နေတဲ့ စာသင်ကျောင်း ဘောလုံးကွင်းမှာ ရေကူးနေစဉ် ရေမြောင်းအတွင်း ရေစီးနဲ့အတူ မျောပါပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ဒိုက်ဦးမြို့နယ်အတွင်းမှာလည်း ရဲနွယ်ချောင်းရေမြင့်တက်မှုကြောင့် ဆင်တဲကျေးရွာမှာ ရေအနက် ၁/၂ ပေလောက် ဝင်ရောက်နေလို့ စာသင်ကျောင်း ၁ ကျောင်း ခေတ္တပိတ်ထားရကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013