DVB Logo
Home
မြန်မာသတင်း
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင် ၁၅၀ ကျော် ခြံစည်းရိုးကာပြီးဟု ပြည်ထဲရေးဝန်ကြီးပြော
DVB
·
August 30, 2018
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင် ၁၅၀ ကျော် ခြံစည်းရိုးကာပြီးဟု ပြည်ထဲရေးဝန်ကြီးပြော
Donate to DVB

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက် မိုင် ၁၈၀ ကျော်ရှိတဲ့အနက် မိုင် ၁၅၀ ကျော် ခြံစည်းရိုးကာရံထားပြီး ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးကျော်ဆွေက ပြောပါတယ်။

သြဂုတ် ၃၀ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အတွင်း ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးရဲ့ အစီရင်ခံစာအပေါ် ပြန်လည်ရှင်းလင်းတင်ပြရာမှာ ဝန်ကြီးက ပြောခဲ့တာ ဖြစ်ပါတယ်။

“မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်တလျှောက် ၁၈၂ ဒသမ ၆၈ မိုင် ခြံစည်းရိုးကာရံခြင်းကို ၂၀၀၉-၂၀၁၀ ခုနှစ်မှ စတင်ပြီး ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေ တောင်းခံဆောင်ရွက်ခဲ့ပြီး ၁၅၃ ဒသမ ၁၈ မိုင် ကာရံထားခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၁၇-၁၈ ခု ဘဏ္ဍာရေးနှစ်မှာ ဘီပီ အနီး ၃ ဒသမ ၅ မိုင် ခြံစည်းရိုးကာခြင်းကစပြီး ရေရှည်တည်တံ့ကောင်းမွန် ခိုင်မာစေရန် တဖက်နဲ့တဖက် လူ ကျော်တက်ဝင်ရောက်မှု မရှိစေရန်အတွက် ဝိုင် ပုံသဏ္ဌာန်နဲ့ သွပ်ဆူးကြိုးအဝိုင်း ၂ ပေ၊ ထပ်တိုး ပုံစံတို့ကို စံချိန်စံညွှန်းများနဲ့အညီ ပြောင်းလဲပြီး ဆောင်ရွက်ခဲ့ပါတယ်။”

၂၀၁၇ ခုနှစ် သြဂုတ်လ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်အပြီးမှာ ရေထွက်ပေါက်၊ သံဆန်ခါ ပျက်စီးမှုတွေကို စစ်ဆေးပြီး ပြင်ဆင်ဆောင်ရွက်နေတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေက စာရင်းစစ်ချုပ်ရုံးရဲ့ အစီရင်ခံစာအပေါ် ဆွေးနွေးကြရင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကို ရေရှည်တည်တံ့ခိုင်မြဲအောင် ကာရံဖို့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013