DVB Logo
Home
မြန်မာသတင်း
တနှစ် ကန်ဒေါ်လာ ၁၀ သန်း အခွန်ငွေရနိုင်မည့် ကိုရီးယား-မြန်မာ စက်မှုဇုန် တည်ထောင်မည်
DVB
·
August 30, 2018
တနှစ် ကန်ဒေါ်လာ ၁၀ သန်း အခွန်ငွေရနိုင်မည့် ကိုရီးယား-မြန်မာ စက်မှုဇုန် တည်ထောင်မည်
Donate to DVB

တိုင်းပြည်အတွက် တနှစ်ကို အမေရိကန်ဒေါ်လာ ၁၀သန်းခန့် အခွန်ငွေ ရရှိနိုင်မယ့် ကိုရီးယား-မြန်မာ စက်မှုဇုန် Korea Myanmar Industrial Complex တည်ဆောက် အကောင်အထည်ဖော်မယ်လို့ ဆောက်လုပ်ရေး ဒုဝန်ကြီး ဦးကျော်လင်းက ပြောပါတယ်။

ဒီစက်မှုဇုန် တည်ဆောက် အကောင်အထည်ဖော်နိုင်ဖို့ ကိုရီးယားနိုင်ငံ၊ EXIM Bank of Korea ဘဏ်က ချေးငွေ အမေရိကန်ဒေါ်လာ ၆၁ သန်းကျော် ချေးဖို့ သြဂုတ် ၃၀ ရက်က ပြည်ထောင်စုလွှတ်တော်ဆီ တင်ပြရင်း ဒုဝန်ကြီးက ပြောခဲ့တာ ဖြစ်ပါတယ်။

“ကိုရီးယား ရင်းနှီးမြှုပ်နှံမှုတွေကို ပိုမိုဖိတ်ခေါ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အလုပ်အကိုင် အခွင့်အလမ်း ငါးသောင်းမှ တသိန်းအထိ ဖန်တီးပေးနိုင်ခြင်း၊ ဒေသအတွင်း စီးပွားရေးဖွံ့ဖြိုးမှု အထောက်အကူဖြစ်စေနိုင်ခြင်း၊ နိုင်ငံခြားပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ခြင်း၊ စီမံကိန်းမှာ ပါဝင်တဲ့ စက်ရုံ ၂၀၀ ခန့်ကနေ နှစ်စဉ် အခွန်ရငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းခန့် ရရှိနိုင်ခြင်း စတဲ့ လူမှုရေး၊ စီးပွားရေး အကျိုးအမြတ်တွေ ရရှိနိုင်တဲ့ စီမံကိန်းလုပ်ငန်းဖြစ်ကြောင်း တင်ပြအပ်ပါတယ်”

စီမံကိန်းကို ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်မှာရှိတဲ့ မြေဧက ၅၅၈ မှာ တည်ဆောက် အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ကိုရီးယားနိုင်ငံ၊ Land & Housing Corporation တို့က စီမံကိန်းကို အကောင်အထည်ဖော် လုပ်ဆောင်မှာလည်း ဖြစ်ပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက တင်ပြတောင်းခံထားတဲ့ ချေးငွေ အမေရိကန်ဒေါ်လာ ၆၁ သန်းကျော်နဲ့ပတ်သက်လို့ ဆွေးနွေးလိုတဲ့ ကိုယ်စားလှယ်တွေကို လွှတ်တော်နာယကက ဖိတ်ခေါ်ထားပါတယ်။

အခု အကောင်အထည်ဖော်မယ့် ကိုရီးယား-မြန်မာ စက်မှုဇုန်အနီးမှာ Eco Green City စီမံကိန်းလည်း တည်ဆောက် အကောင်အထည်ဖော်ဖို့ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013