DVB Logo
Home
မြန်မာသတင်း
အုတ်ဖိုတမြို့လုံးနီးပါး ရေကြီး၍ ရုံးနှင့် စာသင်ကျောင်းများ ပိတ်ထားရ
DVB
·
August 30, 2018
အုတ်ဖိုတမြို့လုံးနီးပါး ရေကြီး၍ ရုံးနှင့် စာသင်ကျောင်းများ ပိတ်ထားရ
1 / 4
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ အနောက်ခြမ်း အုတ်ဖိုမြို့နယ်မှာ   ကျေးရွာ ၃၀ ကျော်နဲ့ တမြို့လုံးနီးပါး ရေကြီး နစ်မြုပ်ပြီး ရုံးတွေနဲ့ ကျောင်းတွေ ပိတ်ထားလိုက်ရပါတယ်။

သြဂုတ် ၂၈ ရက်က စတင်ဝင်ရောက်လာတဲ့ မိုးရေနဲ့ ဆည်ရေတွေကြောင့် ရန်ကုန်-ပြည် ကားလမ်းတချို့ရေကျော်နေခဲ့ပြီး  အုတ်ဖို့မြို့ တမြို့လုံးနီးပါး ရေကြီးနေကာ ၁၀ တန်း ကျောင်းသား တဦးလည်း ရေထဲ မျောပါ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အုတ်ဖိုမြို့ပေါ်ရှိ လူနေရပ်ကွက် ၆ ခုလုံး ရေနစ်မြုပ်ခဲ့ကာ  ဈေးနဲ့ စာသင်ကျောင်း ၂၅ ကျောင်း ပိတ်ထားလိုက်ရသလို ရဲစခန်းက အချုပ်သား ၁၆ ယောက်ကိုလည်း ရေလွတ်ရာ မြို့နယ်ထဲက အိုးသည်ကုန်း ရဲစခန်းနဲ့ အေးမြသာယာ ရဲစခန်းတွေကို ယာယီ ရွေ့ ပြောင်းထားလိုက်ရတယ်လို့ အုတ်ဖို  မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်က ဒီဗွီဘီကို ရှင်းပြပါတယ်။

ဆေးရုံကလူနာတချို့ကိုလဲ ရေလွတ်ရာကို အရေးပေါ်ရွေ့ပြောင်းပေးလိုက်ရပြီး သက်သာတဲ့ လူနာ  ၆၀ ကျော်ကို ဆေးရုံက ဆင်းခွင့်ပေးလိုက်ရတယ်လို့ အုတ်ဖို ဆေးရုံတာဝန်ခံ ဒေါက်တာအေးမြတ်မြတ်ကျော်က ပြောပါတယ်။

အုတ်ဖိုမြို့မှာ ဒီကနေ့ဆိုရင် ရေကြီးနေတာ သုံးရက်မြောက်ရှိပြီဖြစ်ပြီး  နှစ် ၅၀ အတွင်းမှာ အဆိုးဝါးဆုံးဖြစ်ပါတယ်။ ဒီနေ့ သြဂုတ် ၃၀ ရက်မှာတော့ ရေက အနည်းငယ် လျော့ကျလာခဲ့ပြီး ဒီရေတွေက အုတ်ဖိုမြို့နဲ့ ၁၃ မိုင်လောက် ဝေးတဲ့ ဂမုန်းဆည် ရေပိုလွှဲက လာတဲ့ရေနဲ့ မိုးရေတွေကြောင့် အခုလို ရေကြီးနေတာလို့ ဒေသခံတွေထံက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013