DVB Logo
Home
သတင်းဓာတ်ပုံ
၈၈ မျိုးဆက်ကျောင်းသားများ မသီတာထွေးမိသားစုကို တွေ့ဆုံ (သတင်းဓာတ်ပုံ)
DVB
·
August 3, 2012
၈၈ မျိုးဆက်ကျောင်းသားများ မသီတာထွေးမိသားစုကို တွေ့ဆုံ (သတင်းဓာတ်ပုံ)
Donate to DVB

ရခိုင်ပြည်နယ် ရမ်းဗြဲကိုရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေဟာ အခုလ ၂ ရက်နေ့က ကျောက်နီမော်ကျေးရွာအုပ်စုက မသီတာထွေးမိသားစု နေအိမ်ရှိရာ သပြေချောင်ကျေးရွာကိုသွားရောက်ပြီး ကျန်ရစ်သူမိသားစုကို တွေ့ဆုံအားပေးခဲ့ပါတယ်။

သပြေချောင်ကျေးရွာသားတွေနဲ့တွေ့ဆုံပြီး ရွာအတွက် ဆေးပုံး ၁ ပုံး ပေးအပ်လှူဒါန်းခဲ့ကြပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားတွေဟာ သပြေချောင်ကျေးရွာကိုအလာ ကျောက်ထရံကျေးရွာအနီးက မသီတာထွေး အခင်းဖြစ်ပွားရာ နေရာကိုလည်း ၀င်ရောက် ကြည့်ရှုလေ့လာခဲ့ကြပါတယ်။

အဲဒီနေ့မှာ ၈၈ မျိုးဆက်ကျောင်းသားတွေအနေနဲ့ ကျောက်နီမော် ကျေးရွာအုပ်စုက ကျောက်ထရံ၊ တောင်ပိုင်း၊ ရခိုင်စု၊ မြောက်ပိုင်း စတဲ့ ကျေးရွာတွေကို ၀င်ရောက်ပြီး နောင် အခုလို အကျည်းတန် အကြမ်းဖက်မှုမျိုး ထပ်မဖြစ်ရေးအတွက် ၀ိုင်းဝန်းလုပ်ဆောင်ကြဖို့ ဒေသခံတိုင်းရင်းသားတွေနဲ့ တွေ့ဆုံ ဆွေးနွေးသွားခဲ့ပါတယ်။

ဩဂုတ် ၁ ရက်နေ့က ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေဟာ ၃ ရက်နေ့မှာလည်း ကမန်တိုင်းရင်းသားတွေနဲ့ တွေ့ဆုံခဲ့ကြပြီး ၄ ရက်နေ့လယ်မှာ အဲပုဂံ လေကြောင်းလိုင်းနဲ့ ကျောက်ဖြူကနေ တဆင့် ရန်ကုန်ကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။

(ဓာတ်ပုံ - အောင်စိုးထိုက်- DVB)

[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/88 go to arakan/]

[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/kokogyi/]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013