DVB Logo
Home
မြန်မာသတင်း
Dumex နို့မှုန့်နှင့်ပတ်သက်၍ စားသုံးသူပြည်သူများကို အသိပေးကြေညာ
DVB
·
August 30, 2018
Dumex နို့မှုန့်နှင့်ပတ်သက်၍ စားသုံးသူပြည်သူများကို အသိပေးကြေညာ
Donate to DVB

မြန်မာနိုင်ငံအတွင်းကို Dumex Mamil Gold အမှတ်တံဆိပ် Infant Formula Step 1 (850 g) အမျိုးအစား Batch No- 09117R1 တင်သွင်းထားတာ မရှိသလို ဈေးကွက်ထဲ ရောင်းချနေတာလည်း မတွေ့ရဘူးလို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

စင်ကာပူနိုင်ငံမှာ Dumex Mamil Gold အမှတ်တံဆိပ် Infant Formula Step 1 (850 g) အမျိုးအစား Batch No- 09117R1 (Expired Date- 11 September 2019) နို့မှုန့်တွေမှာ ဘက်တီးရီးယားပိုး Cronobacter Sakazakii ပါဝင်တယ်ဆိုတဲ့ သတိပေးကြေညာချက်နဲ့ ပတ်သက်ပြီး  မြန်မာနိုင်ငံဈေးကွက်ကို တင်သွင်းထားခြင်းရှိ/မရှိ စိစစ်မှုများပြုလုပ်ခဲ့ရာ တင်သွင်းထားခြင်း မရှိကြောင်း ကနဦးစစ်ဆေးတွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှာလည်း အဲ့ဒီ Batch No- 09117R1 (Expired Date- 11 September 2019) ပါနို့မှုန့်ကို ဈေးကွက်အတွင်း တနည်းနည်းနဲ့ ဖြန့်ဖြူးရောင်းချနေခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးတယ်။

သြဂုတ် ၂၉ ရက်အထိ စစ်ဆေးမှုများအရ ဈေးကွက်မှာ ရောင်းချနေတာ မတွေ့ရဘူး လို့လည်း အသိပေးကြေညာပါတယ်။

မြန်မာနိုင်ငံကို  တင်သွင်းရောင်းချနေတဲ့ အမျိုးအစားတူနို့မှုန့်တွေကိုလည်း ပုံမှန် စစ်ဆေးခြင်းအပြင် ထပ်မံစစ်ဆေးခြင်းများပါဆောင်ရွက်လျက်ရှိပြီး စားသုံးသူဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အလေးထား အားဖြည့်ဆောင်ရွက်လျက်ရှိတယ်လို့လည်း FDA သတင်းက ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ အဲ့ဒီ ဒူးမက်စ်နို့မှုန့်အမျိုးအစားကို ပြည်တွင်းဈေးကွက်မှာ ဖြန့်ဖြူး ရောင်းချနေတာတွေ့ရင် FDA ကို ဆက်သွယ်အကြောင်းကြားကြဖို့လည်း ဌာနက နှိုးဆော် တိုက်တွန်းထားပါတယ်။

နာမည်ကြီး နို့မှုန့်တံဆိပ်တခုဖြစ်တဲ့ ဒူးမက်စ် (Dumex) နို့မှုန့်ထဲမှာ အန္တရာယ်ရှိတဲ့ ဗက်တီးရီးယားပိုး တွေ့ရှိခဲ့ရပြီးနောက် စင်ကာပူနိုင်ငံ ဆေးရုံ ၂ ခုမှာ ကလေးငယ် ၁၄ ဦး တက်ရောက်ကုသမှု ခံယူနေရတယ်လို့ ချန်နယ်နယူးစ်အေးရှားသတင်းမှာ သြဂုတ် ၂၃ရက်က ဖော်ပြခဲ့ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013