DVB Logo
Home
မြန်မာသတင်း
တပ်ကုန်း အလုပ်သင်ရှေ့နေအမျိုးသမီးအားသတ်သည့် ခင်ပွန်းဟောင်းကို ဖမ်းမိ
DVB
·
August 30, 2018
တပ်ကုန်း အလုပ်သင်ရှေ့နေအမျိုးသမီးအားသတ်သည့် ခင်ပွန်းဟောင်းကို ဖမ်းမိ
Donate to DVB

နေပြည်တော် တပ်ကုန်းမြို့နယ်မှာ အလုပ်သင်ရှေ့နေအမျိုးသမီးအား သတ်ဖြတ်ခဲ့တဲ့ ခင်ပွန်းဟောင်းဖြစ်သူကို ဖမ်းဆီးမိခဲ့တယ်လို့ တပ်ကုန်းရဲစခန်းက သြဂုတ် ၂၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရက်နေ့ မနက် ၈ နာရီခွဲလောက်က တပ်ကုန်းမြို့နယ်အတွင်း ကားလမ်းမဘေးမှာ အသက် ၂၈ နှစ်အရွယ် အလုပ်သင်အမျိုးသမီးရှေ့နေ မစုရည်ဖြိုး သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။

အခင်းဖြစ်တဲ့နေ့က မစုရည်ဖြိုးဟာ နေအိမ်ကနေ ရန်ကုန်-မန္တလေး ကားလမ်းအတိုင်း တပ်ကုန်းမြို့နယ်တရားရုံးကို ဆိုင်ကယ်နဲ့သွားရောက်စဉ် ရန်ကုန်-မန္တလေးကားလမ်းမိုင်တိုင် အမှတ် ၂၇၃/၁ အနီးရောက်မှာ လွန်ခဲ့တဲ့ ၁ နှစ်လောက်က နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးပေါင်းသင်းနေထိုင်ရာကနေ စိတ်သဘောထားမတိုက်ဆိုင်လို့ ပျော်ဘွယ်မြို့ နယ်တရားရုံးမှာ တရားဝင်ကွာရှင်းပြတ်ဆဲခဲ့သူ အောင်စိုး (ခ) မောင်စိုးအား ရုတ်တရက်တွေ့ရှိလို့ ဆိုင်ကယ်အား လမ်းဘေးချရပ်တန့်ရှောင်တိမ်းနေစဉ် အောင်စိုးက ဆိုင်ကယ်အနီး ရောက်ရှိလာပြီး မစုရည်ဖြိုးအား ဆွဲဖက်လှဲချကာ လွယ်အိတ်ထဲမှ ဓားမြှောင်နဲ့ သတ်ခဲ့တာလို့ ရဲက ထုတ်ပြန်ထားပါတယ်။

ဦးအောင်မောင်းရဲ့ ပြောပြချက်အရ သေဆုံးသူ သမီး မစုရည်ဖြိုးမှာ ပြစ်မှုကျူးလွန်သူ အောင်စိုး (ခ) မောင်စိုးအား တရားဝင်လင်မယား ကွာရှင်းခွင့်တောင်းခံခဲ့တာကြောင့် ပျော်ဘွယ်မြို့နယ်တရားရုံးမှာ ကွာရှင်းပြတ်ဆဲပေးခဲ့ရတာကို မကျေနပ်လို့  လူချင်းတွေ့တိုင်း အမြဲရန်ပြုပြဿနာရှာလေ့ရှိပြီး အငြိုးထားကာ ပြစ်မှုကျူးလွန်ခဲ့တာလို့ သိရပါတယ်။

ပြစ်မှုကျူးလွန်သူ အောင်စိုး (ခ) မောင်စိုး (၄၅) နှစ် တပ်ကုန်းမြို့နယ်နေသူအား ဥပဒေအရအရေးယူပေးဖို့ မစုရည်ဖြိုးရဲ့ ဖခင်ဖြစ်သူ ဦးအောင်မောင်းက တရားလိုပြုလုပ် တိုင်တန်းခဲ့လို့  တပ်ကုန်းမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ-၃၀၂ နဲ့ အမှုဖွင့်ပြီး ဖမ်းဆီးမိရေး ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013